ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 16, 2012

အသက် ၆ဝ ကျော်အမျိုးသမီးများအတွက် Virgin Lady Fashion





အသက် ၆ဝ ကျော် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို အဓိကထား ရောင်းချသော အသက် ၆ဝ ကျော် အမျိုးသမီးများအတွက် Virgin Lady Fashionဆိုင်ကို ရန်ကုန်မြို့ နဝဒေးလမ်းတွင် ဖွင့်လှစ်ခဲ့သည်။
၎င်းဆိုင်တွင် ဟောင်ကောင်မိတ် Buduturry တံဆိပ်နှင့် ထိုင်းနိုင်ငံထုတ် လီနင်ချည်ဇာအင်္ကျီများ၊ မြန်မာဝတ်စုံ ရင်ဖုံးအင်္ကျီ၊ ပိုးထည်၊ မြန်မာချည်ထည်များ၊ အမေရိကန် မိတ် Coach တံဆိပ်အိတ်မျိုးစုံ၊ အလှကုန်ပစ္စည်းများတွင် Olay တံဆိပ်၊ Esteelauder တံဆိပ်များကို အဓိကထား ရောင်းချမည်ဟု သိရသည်။ ဆိုင်ကို နံနက် ၈ နာရီမှ ည ၇နာရီအထိဖွင့်လှစ်ထားသည်။
၎င်းဆိုင်ကို မေလ ၆ ရက် နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်တည်နေရာကတော့ အမှတ် (၃ဝ)၊ အခန်း (၆)၊ နဝဒေးလမ်း၊ ဒဂုံ (၁) ကျောင်းရှေ့ ဖြစ်သည်။

No comments:

Post a Comment