ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 16, 2012

ပြည်ပလေကြောင်းလိုင်း ခြောက်လိုင်းက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ပြေးဆွဲရန် စီစဉ်နေ


ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိ အမှတ်ပြုပြီးနောက် ပြည်ပလေကြောင်းလိုင်း ခြောက်လိုင်းက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ သီရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ဘီမန်းလေကြောင်းလိုင်း၊ ဟောင်ကောင် အိပ်စ်ပရက်လေကြောင်းလိုင်း၊ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်းနှင့် ဂျပန်နိုင်ငံအခြေစိုက် All Nippon Airways တို့ဖြစ်သည်။ လေကြောင်းလိုင်း ခြောက်လိုင်းအနက် ဂျပန်နိုင်ငံ အခြေစိုက် လေကြောင်းလိုင်းနှင့် ကာတာလေကြောင်းလိုင်းတို့မှာမကြာမီအချိန်အတွင်း ရန်ကုန်မြို့နှင့် တိုက်ရိုက်ပျံသန်း ပြေးဆွဲကြတော့မည် ဖြစ်သည်။ All Nippon Airways လေကြောင်းလိုင်းသည် (၁၂)နှစ်ကြာ ရပ်ဆိုင်းထားသည့် တိုကျို-ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်း သည် လေးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ဒိုဟာ ခရီးစဉ်ကိုလာမည့်အောက်တိုဘာ တွင် ပြန်လည် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါ ကြေညာချက်သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ကာတာအဲယားဝေးရှိ အရှေ့အာရှနှင့်အာဖရိက အနောက်တောင် ဒေသဆိုင်ရာအကြီးတန်းဥက္ကဋ္ဌတို့ မေလ ၉ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကာတာလေကြောင်းလိုင်းမှ ထုတ်ပြန်ခြင်းဖြစ်သည်။ ကာတာလေကြောင်းလိုင်း ပြေးဆွဲမည့် အစီအစဉ်မှာ ဒိုဟာ-ရန်ကုန်-ဒိုဟာ ခရီးစဉ်ကို A-319င့် A-320 လေယာဉ်များဖြင့်တစ်ပတ်သုံးကြိမ်ပုံမှန်ပြေး ဆွဲမည်ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းခန့် တွင် နေ့စဉ်ပျံသန်းနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းအပြင် Silk Air လေကြောင်းလိုင်းသည် စင်ကာပူနိုင်ငံ အခြေစိုက်လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး မေ ၂၆ ရက်မှစတင်ကာ မြန်မာ-စင်ကာပူ ခရီးစဉ်အား တစ်ပတ်လျှင် နှစ်ရက် တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုးချဲ့ပျံသန်းရခြင်းမှာလာရောက်သူ ခရီးသွား များပြားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရုံးဝန်ထမ်းများအတွက် ရည်ရွယ်ကာ ပျံသန်းပေးခြင်းဖြစ်ပြီး ဇွန် ၁ ရက်တွင် အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များအား ပြည်ဝင်ခွင့်ဗီဇာပေးရန် စီစဉ်ထားသောကြောင့် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မှ မေ ၂၆ ရက်တွင် စတင်ကာ အပတ်စဉ် သောကြာနေ့ ည ၁၂ နာရီခွဲနှင့် တနင်္ဂနွေနေ့ ည ၁၂ နာရီခွဲတို့တွင် ထွက်ခွာမည်ဖြစ်ပြီး ယင်းနှစ်ရက်တွင် စင်ကာပူမှ ည ၁၀ နာရီတွင် ရန်ကုန်သို့ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment