ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 16, 2012

တောတွင်းလက်နက်ကိုင်အဖွဲ့များ ဆက်လက် အလင်းဝင်ရောက်



နိုင်ငံတော်အစိုးရအနေဖြင့် လူသားမျိုးနွယ် တစ်ရပ်လုံး၏ အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် တစိုက်မတ်မတ် ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ တာချီလိတ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းလျက် သတင်းဖော်ထုတ် ပိတ်ဆို့ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မူးယစ် တရားခံပြေး စိုင်းနော်ခမ်းအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထိတွေ့မှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။

စိုင်းနော်ခမ်းအဖွဲ့ အနေဖြင့် အဖွဲ့ငယ်များ ခွဲထွက်၍ ထွက်ပြေးလျက်ရှိပြီး ဧပြီ ၂၃ ရက်မှ ၃၀ ၇က်အထိ မူးယစ်တရားခံပြေး စိုင်းနော်ခမ်းအဖွဲ့မှ အိုက်ထွန်း၊ လောဆန်နှင့် ထွန်းရွှေခေါင်းဆောင်သည့် အင်အား ၃၀ ဦးသည် လက်နက်မျိုးစုံ ၁၅ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။ ထပ်မံ၍ မေ ၁၄ ရက်ညနေ ၅ နာရီ ၄၅ မိနစ်တွင် အီ ဦးစီးအင်အား ၁၅ ဦးတို့သည် နောင်တောင်းရွာရှိ နယ်မြေခံစစ်ကြောင်းသို့ လက်နက်မျိုးစုံ ၇ လက်၊ ကျည်မျိုးစုံ ၃၇၈ တောင့်၊ ကျည်အိမ် ၁၂ ခု၊ မိုင်း ၄ လုံး၊ ဗုံးသီး ၁၃ လုံးတို့ဖြင့် လည်းကောင်း၊ ညနေ ၆ နာရီတွင် အားထူ ဦးစီးအင်အား လေးဦးတို့သည် လော်စံရှီးရွာရှိ နယ်မြေခံစစ်ကြောင်းသို့ လက်နက်မျိုးစုံ ၅ လက်၊ ကျည်မျိုးစုံ ၁၁၈ တောင့်၊ ကျည်အိမ် ၄ ခု၊ မိုင်း ၄ လုံး၊ ဗုံးသီး ၁၇ လုံးတို့ဖြင့် လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၃၀ တွင် ယောဟန် ဦးစီးအင်အား ခြောက်ဦးတို့သည် တာချီလိတ်နယ်မြေရှိ မိမိတပ်မတော်စခန်းသို့ လက်နက်မျိုးစုံ ၆ လက်၊ ကျည်မျိုးစုံ ၈၀ တောင့်၊ ကျည်အိမ် ၈ ခု၊ မိုင်း ၂ လုံးတို့ဖြင့် အသီးသီး အလင်းဝင်ရောက်ခဲ့ပြီး စုစုပေါင်းအင်အား ၂၅ ဦး၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၅၇၆ တောင့်၊ ကျည်အိမ် ၂၄ ခု၊ မိုင်းမျိုးစုံ ၁၀ လုံး၊ ဗုံးသီးမျိုးစုံ ၃၀ လုံးတို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြသည်။ တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါ အလင်းဝင်အဖွဲ့ငယ်များအား မေ ၁၅ ရက် နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်ခန်းမ၌ လိုအပ်သည့် ပြန်လည် ထူထောင်ရေး ပစ္စည်းများ တွေ့ဆုံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment