ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 23, 2012

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ကုန်တင်ယာဉ် ၂ စီးအား ဆက်ကြေးတောင်းခံပြီး ဗုံးခွဲဖျက်ဆီး



From : ခေတ်လူငယ်


မေ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မူဆယ်မြို့နယ် နန့်ပေါ်တံတားနှင့် နမ့်အွန်ရွာအကြား ထင်ရှုးတောအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မူဆယ်မှ လားရှိုးသို့ ယာဉ်မောင်းသောင်းထွေးနှင့်ယာဉ်မောင်းအောင်နိုင်တို့က မောင်းနှင်လာသော ခြောက်ဘီးကုန်တင်ယာဉ် နှစ်စီးအား ယူနီဖောင်းဝတ်ဆင်ထားသည့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ ခုနှစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တားဆီးကာ ရပ်တန့်စေခဲ့ပြီး သောင်းထွေးထံမှ ဆက်ကြေးငွေကျပ် ၈၀၀၀၀ ကို ရယူခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း လေးဦးကို ထွက်ပြေးစေခဲ့ပြီး ယာဉ်နှစ်စီး၏ ယာဉ်မောင်းခန်းများ အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးစီဖြင့် ပစ်ခွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ဗုံးခွဲဖျက်ဆီးမှုကြောင့် ယာဉ်အမှတ် ဂ(၈ဈ/ ၇၈၇၆)၏ ခေါင်းပိုင်းဝဲဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်အမှတ် (၈ဈ/ ၇၈၈၀) ၏ ခေါင်းပိုင်းပျက်စီးခြင်း၊ ဘေးနှစ်ဖက် တံခါးမှန်ကွဲခြင်းနှင့် ကားရှေ့လေကာမှန်တွင် လက်နက်ငယ်ကျည်များ ထိမှန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အခင်းဖြစ်ပွားရာ နေရာမှ အရှည် နှစ်လက်မခွဲ၊ အချင်းတစ်လက်မခွဲခန့်ရှိ သံကိုယ်ထည်တွင် အရှည်ငါးလက်မခန့် သစ်သားလက်ကိုင်တပ် KRL 68 စာတန်းပါ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရကြောင်းနှင့် ပျက်စီးသွားသည့် မော်တော်ယာဉ် နှစ်စီးအနက် တစ်စီးအား ရွှေ့ပြောင်းနိုင်ခဲ့ပြီး မေ ၂၀ ရက် နံနက် အစောပိုင်းမှစ၍ အဆိုပါလမ်းပေါ်တွင် ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment