ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 23, 2012

မြန်မာပြည်သူ/သားတွေ အမှန်တကယ်ဆန္ဒပြရမှာ ဘယ်သူတွေကိုလဲ






 ယခုရက်ပိုင်းအတွင်းတွင် လျှပ်စစ်မီး ပုံမှန်မလာသောကြောင့် ရန်ကုန်၊မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်ဝန်ကြီးဌာန အဆောက်အအုံများရှေ့တွင် ဖယောင်းတိုင်ကိုယ်စီကိုင်ဆောင်ကာ ဆန္ဒပြနေကြသည်။ဘာကြောင့်ဒီလိုမီးများပျက်သည်ကို အကြောင်းရင်းမှန်ကို မသိရှာဘဲ သူများယောင်တိုင်း လိုက်ယောင်နေကြသည်။
မေလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ များမှာ ည ၈ နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်၊ ပန်ကနိုင်း ကျေးရွာ အနီးမှာ သောင်းကျန်း သူများရဲ့ ဖောက်ခွဲ
ဖျက်ဆီး မှုကြောင့် ပျက်စီးသွားတဲ့ ၂၃၀ ကေဗွီ ရွှေလီ-မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင် များကို အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ ပြင်ဆင် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို တာဝါတိုင်များ ပျက်စီး သွားတာကြောင့် ရွှေလီ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ပို့လွှတ် နိုင်ခြင်း မရှိတာကြောင့် ဓာတ်အား စနစ် အတွင်း ၂၀၀ မဂ္ဂါဝပ် လျော့နည်းပြီး ဓာတ်အား ပြတ်တောက် လျက်ရှိ နေတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ပွား မှုကြောင့် နိုင်ငံအ၀ှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မှုမှာ ပိုမိုလျော့နည်း သွားတဲ့ အတွက် ပြည်သူများ အနေနဲ့ လျှပ်စစ်မီး ပိုမိုပြတ်တောက် ခြင်းနဲ့ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများ ရှိတာကြောင့် ဓာတ်အား အမြန် ပြန်လည် ပို့လွှတ်နိုင်ဖို့တွက် အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း တာဝန်ရှိ သူများမှ ပြင်ဆင်လျက် ရှိနေပါတယ်။

No comments:

Post a Comment