ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 23, 2012

Facebook နှင့် အွန်လိုင်းမီဒီယာ ဥပဒေ ပေါ်လာလျှင် Eleven Media ကို ပထမဆုံး အရေးယူနိုင်



Facebook နှင့် အွန်လိုင်းမီဒီယာ ဥပဒေ ပေါ်လာလျှင် Eleven Media ကို ပထမဆုံး အရေးယူနိုင် တဲ့အကြောင်းကို အင်တာနက်ပေါ်တွင် ဂရုဖွဲ့၍ သတင်းဖြန့်ဝေသူ ဦးဦးမှော်ဆရာက ပြောလိုက်ပါတယ်။



"သူတို့ရေးထားတဲ့ ပို့စ်မှာပဲ
သူတို့ ကျတော့ ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ ၊ ပြန်/ဆက်ညွှန်ချုပ်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတယ်လေ.. အရေးယူမယ် ဆိုရင့် သူ့ကို အရင် အရေးယူရမလို ဖြစ်နေပြီ... "

လို့ ပြောပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရောက်နေကြောင်း ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်များက အသိအမှတ်ပြု ကြိုဆို နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပွင့်လင်းရိုးသားရမယ်လို့ ပြောနေချိန်မှာပဲ Eleven Media မှ Facebook နဲ့ အွန်လိုင်း ပေါ်မှာ ပြောဆိုခွင့်ကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ သာ မက ပဲ တကမ္ဘာလုံးက အင်တာနက်သုံးသူ အများအပြားဟာ Facebook ကို အသုံးပြုလေ့ရှိကြပြီး facebook ပေါ်မှာလဲ ၎င်း တို့ရဲ့ အမြင်များကို လွတ်လပ် ပွင့်လင်း စွာရေးသားလေ့ ရှိကြပါတယ်။ အစိုးရ ခေါင်းဆောင် များကိုသော်လည်း ကောင်း ၊ အတိုက်အခံ ခေါင်းဆောင်များကိုသော်လည်း ကောင်း မကြိုက်လျှင် မကြိုက် ကြောင်း လွှတ်လပ်စွာ ရေးသား ဖော်ပြလျှက် ရှိ ချိန်မှာ Eleven Media ရဲ့ တောင်းဆိုချက်က နောက်ကြောင်း ပြန်လှည့် ဖို့ အားပေးခြင်း ဖြစ်ကြောင်း ဝါရင့် သတင်းစာ ဆရာများက သုံးသပ် ကြပါတယ်။

အွန်လိုင်းမီဒီယာ တစ်ခုထောင်ပြီး သတင်းဖြန့်ဝေ သူ ဦးဦးမှော် ဆရာက တော့ Eleven Media ရဲ့ တိုက်တွန်းချက်က အင်တာနက်ပေါ်တွင် လုပ်ရှားနေသော ဒီမို သမားတွေအားလုံး ကို ဒုက္ခရောက် ဖို့ လုပ်နေသလို ဖြစ်နေကြောင်း၊ Facebook နဲ့ အင်တာနက် မီဒီယာ သမား အရေအတွက်မှာ အစိုးရ ဖက်က လူထက် အတိုက်အခံ ဖက်က လူတွေ က အဆ ၁၀၀၀ မက များပြားကြောင်း၊ ဥပဒေ အတည်ဖြစ်သွားလျှင် ဒီမို ဘက်တော်သား အများအပြား အရေးယူ ခံရနိုင်ကြောင်း အခုလို ပြော ပါတယ်...

"ဒီအကြောင်းနဲ့ ပတ်သက်ပြီး Eleven က ပို့စ်မှာ ကျွန်တော် comment ရေးခဲ့ပြီးပါပြီ.... တင်ပေး လား မတင်ပေးလားတော့ ကျွန်တော်လည်း ပြန်မကြည့် မိဘူး... ဒီရက်ပိုင်းမှာ Eleven က Comment တော်တော်များများကို ဖျက်ပစ်နေတယ်လို့တော့ ကြားတယ်.... တကယ်တမ်း ဆိုရင်တော့ ဥပဒေ တစ်ခုရှိရင် ပိုကောင်းတာပေါ့... မြန်မာလူမျိုးဆိုတာက ဥပဒေ လေးရှိမှ ကြောက်တတ်ကြတာ မဟုတ်လား... အင်တာနက် ဥပမာ https://www.google.com/search?q=mr+creator&hl=en&client=firefox-a&hs=QvF&rls=org.mozilla:en-US:official&prmd=imvns&tbm=isch&tbo=u&source=univ&sa=X&ei=td67T7X6OuTj4QTXmfj3BA&ved=0CGEQsAQ&biw=1280&bih=641

အဲဒီမှာ ကြည့်လေ.... ညစ်ညစ်ညမ်းညမ်း ပုတ်ခတ် စော်ကား ထားတာ.. လုပ်တဲ့လူက တစ်ယောက်တည်း ဆိုပေမယ့် တင်ထားတဲ့ ဘလော့တွေ က အများကြီးပဲ... နာမည်ကြီး အတိုက်အခံမီဒီယာ တွေလည်းပါတယ်... နာမည်ကြီး ကာတွန်း ဆရာတွေလည်း ပါတယ်.... ကာတွန်း ဟန်လေး တို့ https://www.google.com/search?q=%E1%80%9F%E1%80%94%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8&oe=utf-8&rls=org.mozilla:en-US:official&client=firefox-a&um=1&ie=UTF-8&hl=en&tbm=isch&source=og&sa=N&tab=wi&authuser=0&ei=j967T6bfH8L_4QTp9dHBCQ&biw=1280&bih=641&sei=kt67T4iMO8Pm4QTQvPTECQ

ကာတွန်း စောငိုတို့ https://www.google.com/search?q=%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%AD%E1%80%AF&oe=utf-8&rls=org.mozilla:en-US:official&client=firefox-a&um=1&ie=UTF-8&hl=en&tbm=isch&source=og&sa=N&tab=wi&authuser=0&ei=d967T8PgHs734QSi0rXVCQ&biw=1280&bih=641&sei=et67T5r4B4mH4gSTxJm0CQ

အဲဒါတွေကို အရေးယူရင် အားလုံး ဒုက္ခရောက်ကုန်မှာပေါ့.... လက်ရှိ facebook က နာမည်ရှေ့မှာ ဒီမို.... ဆိုတဲ့ လူတွေ အားလုံး ရေးထားသမျှ လိုက်ကြည့်ရင် ပိုသိပါတယ်..... ဥပဒေ ထားသင့် မထားသင့် ကျွန်တော် မပြောတတ်ဘူးဗျ... သေချာတာကတော့ ဥပဒေ ရှိလာရင် ဒီမိုတွေ.. အတိုက်အခံတွေ ဖက်က အများကြီး ထိခိုက်လိမ့်မယ်... အခု ကြည့်လေ... Eleven က ပြောထားတာ ဝဘ် ဆိုက် ၂ ခု ပဲ ရှိတယ် ဒီမိုတွေ ဖက်က ဆိုက်တွေဆိုရင် ရေတာင် ရေတွက်နိုင်မယ် မထင်ဘူး... အဲဒါလေး ပြောတာပါ..."



လို့ ပြောပါတယ်..။ ဒါ့အပြင်
့ တစ်ဦး တစ်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း လုံးဝ တာ ဆိုလို့ မြန်မာ့ အလင်းနဲ့ ကြေးမုံ သာရှိကြောင်းကို အခု လို ဆက်ပြောပါတယ်။
"တစ်စုံတစ်ယောက်ကို လုံးဝ ထိခိုက်မှု စိုးစင်းမျှ မရှိပဲ ရေးသားရမယ်ဆိုရင်တော့ မြန်မာ့အလင်းနဲ့ ကြေးမုံကလွဲပြီး ကျန်တဲ့မီဒီယာ အားလုံးကို အရေးယူရမှာဗျ... အားလုံးက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိပါး ပုတ်ခတ် နေကြတာ...."

လို့ ပြောပါတယ်။






ပြည်တွင်း ဂျာနယ် တစ်ခုမှ သတင်းထောက် တစ်ဦးကတော့ Eleven Media အနေနဲ့ ဒီရက်ပိုင်းမှာ နာမည်ပျက်နေခြင်းကြောင့် သွေးရူးသွေးတန်း ရေးတာ ဖြစ်နိုင်ကြောင်း၊ Myanmarexpress.net နဲ့
doctorsatephwar.blogspot.com တို့ က Eleven Media မှ သန်းထွဋ်အောင် ရဲ့ ကားရိုးရွန်းတွေအကြောင်း၊ မီဒီယာ ကို ဘန်းပြပြီး ကားတင်သွင်း နေတဲ့ အကြောင်းတွေကို ဖော်ထုတ်လိုက်ခြင်းကြောင့် ထို site နှစ်ခု ကို မကျေနပ် ဖြစ်နေကြောင်း အခုလို ပြောပါတယ်..

"အမှန်တော့ သွေးရူးသွေးတန်းရေးနေတာပါဗျာ... ခဏနေ ပြန်ငြိမ်သွားလိမ့်မယ်.. သတင်းထောက် အချင်းချင်း ယှဉ်ရင်တောင် Eleven က သူတို့ကမှ မီဒီယာ သမား စစ်စစ်၊ ဘယ်မီဒီယာကမှ Eleven လောက် ပြည်သူကို အကျိုးမပြုဘူး လို့ တဖွဖွပြောပြီး စောင့်ကြွားစောင့်ကြွား လုပ် တတ်တယ်... အဲဒီအချိန်မှာ Myanmarexpress.net နဲ့ doctorsatephwar.blogspot.com တို့က သန်းထွဋ်အောင် ရဲ့ မိန်းမအကြောင်းနဲ့ မီဒီယာ ကို ဗန်းပြပြီး ကားသွင်းနေတဲ့ အကြောင်းကို ဖော်လိုက်တယ်လေ... အခုဆို ဒီကောင်တွေ နာမည်က ရစရာမရှိတော့ဘူး... မကျေမနပ် ဖြစ်နေကြတယ်... သူတို့က သူများအကြောင်း ဖော်ပြီး ထိခိုက်ရေးသားတော့ သတင်းမှန်သမား၊ မီဒီယာ သမား အစစ် တဲ့လေ... အခု သူတို့အကြောင်း သူများဖော်လိုက်တော့ ဥပဒေ တွေ အရေးယူတာတွေ ပါလာတယ်... Myanmarexpress.net နဲ့ doctorsatephwar.blogspot.com ကို ကျွန်တော်တို့လည်း မကြိုက်ပါဘူး... ဒါပေမယ့် Eleven အကြောင်းကို ဖော်ပေးတာကိုတော့ အရမ်းကျေးဇူးတင်တယ်...."

လို့ပြောပါတယ်။

Eleven ရဲ့ ဝဘ်ဆိုက်မှာတော့ ကိုယ့်အချင်းချင်း အင်တာဗျူးပြီး အခုလို ရေးထားတာ တွေ့ရပါတယ်

"
“Voice of Myanmar ကို လေ့ လာကြည့်ပါတယ်။ သူတို့ရဲ့ ရည် ရွယ်ချက်က Myanmar Express နဲ့အတူတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်သွားချိန်မှာ သူတို့ရဲ့ တိုက်ခိုက်မှုတွေက မီဒီယာတွေဘက် လှည့်လာပါတယ်။ VOM က နေ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား နာမည်နဲ့ EMG (Eleven Media Group) ကို အများဆုံး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။၂၀၁၁ခုနှစ် ဇူ လိုင်လထဲမှာ EMG ကို နာမည်တပ် ပြီး တိုက်ခိုက်မှု စတင်ပါတယ်။ EMG ၀က်ဘ်ဆိုက်မှာရှိတဲ့ Comment တွေကို အကြောင်းပြုပြီး တိုက်ခိုက်ခဲ့တာပါ။ စက်တင်ဘာလထဲမှာ နှစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလထဲမှာ ငါးကြိမ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်၊ နောက်၂၀၁၁ခုနှစ်မေလထဲမှာ နှစ်ကြိမ်စသဖြင့် EMG ကို ခေါင်းစဉ် တပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ တစ်ဖက်မှာလည်း ဒါလားဟဲ့ စတုထ္ထ မဏ္ဍိုင်၊ စိတ်ပျက်မိတယ် စတုထ္ထ မဏ္ဍိုင်ရယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ပြည်တွင်းဖြစ် အိမ်ကျယ် စတုထ္ထမဏ္ဍိုင်၊ ပြည်တွင်းဖြစ် ခပ်ညံ့ညံ့မီဒီယာ ဒီလို စကားလုံးတွေ သုံးစွဲပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်”ဟု Eleven Media Group မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်က ပြောပါသည်။"

ဆိုပြီး Eleven က လူကို Eleven က လူကပဲ ခက်ခက်ခဲခဲ သတင်းမေး အင်တာဗျူး ဖော်ပြထားပါတယ်။
လွှတ်တော် အမတ်များနှင့် လွှတ်တော် ဥက္ကဌကို တိုက်ခိုက်စော်ကားထားသည့်
ကာတွန်း ဟန်လေး ရေးစွဲကာ ဧရာဝတီ သတင်းစာမျက်နှာတွင် ဖော်ပြထားသော ကာတွန်း

အမေရိကားရောက် မြန်မာ တစ်ဦးကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်လိုကြီးကျယ် တဲ့ ပုဂ္ဂိုလ်ကို မဆို သရော်ကြ၊ တိုက်ခိုက် ကြ တာတွေရှိကြောင်း။ အစိုးရတွေ ခေါင်းဆောင်တွေသာ မက ဘုရား ကိုတောင် လှောင်ပြောင် တိုက်ခိုက်တာတွေ ရှိကြောင်း... ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သာမန် မိန်းမ တစ်ဦးဖြစ်တာကြောင့် အင်တာနက်ပေါ်မှာ တိုက်ခိုက်ခြင်း ခံရတာ အဆန်းမဟုတ်ကြောင်း၊ Eleven Media က ဗုဒ္ဓဘာသာ ဝင်တွေအနေနဲ့ ဗုဒ္ဓကို သူများက တိုက်ခိုက်နေတုန်းက တောင် ဘာမှ မရေးခဲ့ကြပဲ အခုမှ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းရေးထားပေမယ့် အမှန်တော့ Eleven Media ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သူများကို မကျေနပ်လို့ ပြောနေခြင်းသာ ဖြစ်နေကြာင်း အခုလို ပြောပြပါတယ်...။

"အမေရိကန်လို နိုင်ငံတွေမှာလည်း ဒါမျိုးတွေက ရှိပါတယ်... ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လည်း ရစရာမရှိအောင် တိုက်ခိုက် တာတွေ ရေးနေကြတာပဲ... သူတို့မပြောနဲ့ ဘုရား ကိုတောင် ညစ်ညစ်ညမ်းညမ်း ထိခိုက်ရေးထားတာ ရှိတာပဲ... ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သာမန် မိန်းမတစ်ယောက်ပဲလေ... ဒါ အထူးအဆန်းမှ မဟုတ်တာ... Eleven က ပြောတယ်ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် ဆိုပြီး အစချီထားပေမယ့် အောက်မှာက သူတို့လျှို့ဝှက်ချက်တွေ ပေါက်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ အကြောင်း ရေးထားတာပါပဲ... အသိသာကြီးပါ..."

လို့ ပြောပါတယ်။
http://ptsii3.blogspot.com/2011/11/obama-insists-us-does-not-fear-china.html တွင် ဖော်ပြထားသော အမေရိကန် သမ္မတကြီး ပုံ
NCB မီဒီယာက ထုတ်လွှင့်ခဲ့သည့် "ရူးသွတ်တဲ့ ဗုဒ္ဓ" အစီအစဉ်

ဘန်ကောက် ရှိ AIT မှာ ကျောင်းတတ်နေတဲ့ ကျောင်းသူ တစ်ဦးကတော့ ဥပဒေ တစ်ခု အမြန်ရှိသင့်ကြောင်း၊ ဘန်ကောက်မှာလဲ ဘုရင်နဲ့ တော်ဝင်မိသား စုကို ထိခိုက် ရေးသားလို့ မရသလို မြန်မာနိုင်ငံမှာလဲ အစိုးရ အဖွဲ့ တစ်ခုလုံး နဲ့ လွှတ်တော် သုံးခုလုံး က အမတ်တွေကို ထိခိုက် ရေးသားလျှင် အရေးယူနိုင်ရန် ဥပဒေ ချမှတ်သင့်ကြောင်း ပြောပါတယ်။

ဂျပန်နိုင်ငံမှ ဘလော့ဂါ တစ်ဦးကတော့ ပြည်ပ အတိုက်အခံအားလုံးက ဒီကနေ့ ဆိုလျှင် အပြင်မ ဆန္ဒပြစရာ အကြောင်းမရှိတော့လို့ အင်တာနက်ပေါ်မှာပဲ တိုက်ခိုက် နေရတာ ဖြစ်လို့ Eleven ရဲ့ လုပ်ပေါက်ကို လုံးဝ ရှုတ်ချ ဆန့်ကျင်ကြောင်း ပြောပါတယ်။

အဆိုတော် ဇေယျာသော်ကတော့ မဟုတ်ပဲ စွပ်စွဲပြီးမှ တိုင်ကြားလျှင် အရေးယူ ခံရနိုင်ကြောင်းကို NLD ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုလို ပြောပါတယ်
“လူတစ်ဦးတစ်ယောက်ကို အပုပ်ချသည်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် စွပ်စွဲပြောဆိုသည်ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ မမှန်ကန်ဘူးဆိုရင် ဝေဖန်ခံရတဲ့သူ၊ အပုပ်ချခံရတဲ့ သူအနေနဲ့ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိ ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဝေဖန်ခြင်းတွေ ပြုလုပ်လို့ရတယ်။ ပုပ်ခတ်ခြင်းတွေ ပြုလုပ်လို့ရတယ်။ အပုပ်ချခြင်းတွေ ပြုလုပ်လို့လည်း ရတယ်။ ပြောဆိုတဲ့ အကြောင်းအရာတွေမှာ မှန်ကန်မှုမရှိဘူး ဆိုရင်တော့ ဥပဒေကို ကျူးလွန်တာလို့ပဲလို့ ကျွန်တော် ပြောပြပါရစေ”"

NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲလက်မှတ်ကို ဖယောင်းသုတ်တယ်လို့ အပုပ်ချ စွပ်စွဲပြောဆိုခဲ့ပြီး အကြောင်းအရာ မမှန်ကန်ခြင်းကြောင်း ကော်မရှင်မှ ခေါ်ယူ သတိပေး ဆုံးမခဲ့ရပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောတူညီချက်နဲ့ ဖယောင်းသုတ်တယ် ဆိုပြီး NLD ပါတီက တိုင်းကြားခဲ့တာ ဖြစ်လို့ NLD အနေနဲ့
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မဟုတ်ပဲ စွပ်စွဲ ပုပ်ခတ်ခြင်း ကြောင့် ဥပဒေ အရ အရေးယူခံရနိုင်တဲ့ စာရင်းမှာ ရှိနေပါတယ်။

Eleven Media တိုက်တွန်းထားတဲ့ မီဒီယာ နဲ့ facebook ဥပဒေ ရှိဖို့ အကြောင်းနဲ့ ပတ်သက်ပြီး ထောက်ခံသူ မရှိသလောက်နည်းပါးတဲ့အပြင် ၎င်း တို့ကို အပြစ်တင်နေသူ က ပိုများနေကြောင်း သိရပါတယ်။

မည်သို့ပင် ဖြစ်စေ အစိုးရဆန့်ကျင်သူ၊ အတိုက်အခံ၊ ဒီမို အများအပြား လွှမ်းမိုးထားသော အင်တာနက် နဲ့ facebook လောကမှာ ဥပဒေ အရ တိတိကျကျ အရေးယူ မယ်ဆိုရင်တော့ အင်တာနက်ပေါ်က လက်သီးလက်မောင်းတန်းနေတဲ့ အတိုက်အခံတွေ အားလုံးလဲ ပျောက်ပြီး တရားဝင် မီဒီယာ ဂျာနယ်လစ်စ်တွေလည်း တရားရုံးဆီ အမြဲ ပြေးနေရမှာ သေချာပါတယ်ခင်ဗျာ....။

No comments:

Post a Comment