ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 21, 2012

လျှပ်စစ်ဓာတ်အား ခြိုးခြံသုံးစွဲရေး ဂျပန်အစိုးရ ပန်ကြား




နျူကလီးယားဓာတ်အားပေးစက်ရုံများ ပိတ်လိုက်သည့်အတွက် လျှပ်စစ်ဓာတ်အား လျော့နည်းမှုနှင့် မီးမှောင်ကျမှုအရေးကို စိုးရိမ်ပူပန်နေကြစဉ် ပြည်သူများ၏ အိုးအိမ်များ၊ စီးပွားရေးလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းဖြတ်တောက်ရန် ဂျပန်အစိုးရက မေ ၁၈ ရက်တွင် ပန်ကြားခဲ့သည်။ လေအေးစက်များ သုံးစွဲခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား အသုံးပြုမှု များပြားလာမည့် နွေရာသီသို့ ရောက်ရှိလာချိန်တွင် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၀န်ဆောင်မှု လုပ်ငန်းများက သတိပေးထားသည်။ စီပွားရေး အချက်အချာမြို့ကြီးများဖြစ်သည့် အိုဆာကာ၊ ကိုဘီနှင့် တိုကျိုမြို့ကြီးများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် ကန်စိုင်းအီလက်ထရစ်ကုမ္ပဏီက ၄င်းတို့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်း လျှော့ချမည်ဟု သတိပေးထားကြောင်း၊ အခြားနယ်မြေများမှ လျှပ်စစ်ဓာတ်အား ၀န်ဆောင်မှု လုပ်ငန်းများကလည်း လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာရေးအတွက် ထပ်ဆင့် ညွှန်ကြားကြမည်ဟု မျှော်လင့်ကြောင်း အစိုးရအဖွဲ့က ပြောကြားသည်။

No comments:

Post a Comment