From : http://www.doctorsatephwar.blogspot.com/2012/01/blog-post_05.html
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့
ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ
အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့်
မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ
သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို
လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို
ဘယ်လိုအရင်းအမြစ်တွေကနေ ထုတ်ကြသလဲဆိုတာ အရင် လေ့လာကြည့်ရအောင်ပါ ....
Data from the BP Statistical Review
ဒီပုံကိုကြည့်လိုက်ရင်
ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအများဆုံးဟာ ကျောက်မီးသွေးကဖြစ်ပြီး
တစ်ကမ္ဘာလုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ ၄၁ % ဖြစ်တယ်ဆိုတာတွေ့ရမှာပါ
သူ့နောက်မှာမှ သဘာဝဓါတ်ငွေ့က ၂၁% နဲ့ ဒုတိယ ၊ ရေအားက ၁၆ % နဲ့ တတိယ ၊
ညူကလီးယားက ၁၄ %းနဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာကို တွေ့ရမှာပါ ။
အကြောင်းအရာတစ်ခုကို
စဉ်းစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကို
စံထားပြီး နှိုင်းယှဉ်ချိန်ထိုးလေ့ရှိကြပါတယ် ။ ဒါဆိုရင်
အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို
လေ့လာကြည့်ရအောင်ပါ ....
Source: International Energy Agency 2011
ဒါကတော့
အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအခြေအနေပါ ၂၀၁၀ ခုနှစ်
စာရင်းအရ သူလည်း ကျောက်မီးသွေးကနေထုတ်လုပ်မှုဟာ ၄၅%နဲ့ အများဆုံးဖြစ်ပြီး
သဘာဝဓါတ်ငွေ့ကနေ ၂၄% ၊ ညူကလီးယားကနေ ၁၉% ၊ ရေအားကနေ ၆% အစရှိသဖြင့်
ထုတ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။
ဒီစာရင်းကတော့
အမေရိကန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေး စက်ရုံ စာရင်းပါ ၊ အမေရိကန်ပြည်ထောင်စုမှာ
ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၆၁၅ ရုံရှိတာဖြစ်ပြီး
စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားအလိုက် စာရင်းပြုစုထားတာဖြစ်ပါတယ် ။
Source: International Energy Agency 2011
ဒီဇယားကတော့
ကမ္ဘာ့ကျောက်မီးသွေးထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတွေရဲ့ စာရင်းဖြစ်ပါတယ်
တန်(သန်းပေါင်း) နဲ့ စာရင်းကိုပြထားပါတယ် ။ ဒီနိုင်ငံတွေဟာ
ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေ ဖြစ်သလို ကမ္ဘာပေါ်မှာ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရေးတယူလုပ်တဲ့ နိုင်ငံတွေ ပါနေတာကို
တွေ့ရမှာပါ ။
Coal Consumption by Country
No comments:
Post a Comment