ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 21, 2012

ပြင်သစ်သမ္မတ ဆာကိုဇီ၏ အစိုးရအဖွဲ့ ရာထူးမှနုတ်ထွက်


From : MRTV4


ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်သမ္မတ နီကိုလပ်စ်ဆာကိုဇီရဲ့ အစိုးရ အဖွဲ့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားဝင် နုတ်ထွက်ခဲ့တယ်လို့
သိရပါတယ်။ အခုလို သမ္မတ ဆာကိုဇီရဲ့ အစိုးရအဖွဲ့ နုတ်ထွက်တာဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ သမ္မတအသစ် Francois Hollande သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် တပတ်အလိုမှာ နုတ်ထွက်ခဲ့ကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
 
ပြင်သစ်ဝန်ကြီးချုပ်  Francois Fillon ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ နှုတ်ထွက်စာကို လက်ရှိသမ်္မတ ဆာကိုဇီက လက်ခံခဲ့တာဖြစ်ပါတယ်။ အခုလိုဝန်ကြီးအဖွဲ့ နုတ်ထွက် သွားပေမယ့် နေ့စဉ်လုပ်ငန်း ဆောင်တာတွေကိုတော့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုချိန် မေလ ၁၅ရက်နေ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment