ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 21, 2012

၂၄ နာရီ မီးအပြည့်ရစေဖို့ ထားဝယ် ကျောက်မီးသွေး လျှပ်စစ် စက်ရုံစီမံကိန်းကို ထောက်ခံစို့







၂၄ နာရီ မီးအပြည့်ရစေဖို့ အတွက် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံ ကိန်း တွင် ၄၀၀၀ မီဂါဝပ် ကျောက်မီး သွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှုကို အားပေးထောက်ခံ ကြဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

အီတာလျံ ထိုင်း ကုမ္ပဏီ၏ စီမံ ကိန်း၌ ၄၀၀၀ လေးထောင် မီဂါဝပ် ထုတ်လုပ် နိုင်မည့် ကျောက်မီးသွေး လျှပ်စစ် စက်ရုံစီမံ ကိန်း လျာထားပြီး ဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း၏ စီမံကိန်းမျိုးစုံအတွက် လုပ်ကိုင်ခွင့်ရ အီတာလျံ၊ ထိုင်းကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ နိုင်ငံ တကာ ပူးပေါင်း လုပ်ဆောင်ရေး ဘဏ်မှ ချေးငွေအမေရိကန်ဒေါ်လာ (၁၂) ဘီလျံခွဲ သဘောတူညီမှု ရရှိခဲ့ပါတယ်။

“ဒီစီမံကိန်းအလွန်ကြီးမားပြီး မြန်မာတနိုင်ငံလုံးကို လျှပ်စစ်မီး ၂၄ နာရီ သာ မက ဖောဖောသီသီ ဈေးနှုံးချိုသာစွာ သုံးနိုင်အောင် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်” လို့ နိုင်မွန်ထရီ က ပြောပါတယ်။

၄၀၀၀ မီဂါဝပ်ထုတ်လုပ်နိုင်သော ကျောက်မီးသွေးလျှပ်စစ်စက်ရုံကြောင့် တနင်္သာရီ ကမ်းမြောင်ဒေသ တစ်ခုလုံး မီးထိန်ထိန်လင်း နိုင်ပြီး မြန်မာနိုင်ငံ အနှံ့အပျားရှိ ကျေးလပ်ဒေသများပါ မကျန် မီးလင်းစေမှာဖြစ်ကြောင်းကို ထောက်ပြကြသည်။ အမေရိကန်နိုင်ငံမှာ လျှပ်စစ်မီး အများဆုံး ထုတ်ပေးသည့် စက်ရုံများမှာလည်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသာ ဖြစ်ပြီး ၎င်း စက်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့်လည်း အခြား လူသုံးကုန် ပစ္စည်းများ ဆက်လက်ထုပ်လုပ်နိုင်ကြောင်း သိရပါတယ်။

ဒါပေမယ့် မြန်မာအချို့က သဘာဝ ပတ် ဝန်းကျင် ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စီးမံကိန်းကို ကန့်ကွက်လျှက် ရှိပါတယ်။ မြစ်ဆုံ တွင် ရေအားလျှပ်စစ် ထုတ်လုပ်မယ်ဆိုတော့လည်း ကန့်ကွက်၊ ထားဝယ် တွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံလုပ်မယ်ဆိုတော့လည်း ကန့်ကွက် ခဲ့ကြပေမယ့် မီးမှန်မှန် မရပြန်တော့လည်း ဖယောင်းတိုင်ထွန်းပြီး လမ်းပေါ် ထွက်ကြပြန်ပါတယ်။ လျှပ်စစ်မီးရဖို့အတွက် ဖယောင်တိုင်ထွန်းပြီး လမ်းပေါ်ထွက်နေလို့ ကတော့ လိုချင်တဲ့ လျှပ်စစ် က ရလာမှာ မဟုတ်ပါဘူး။ ကျောက်မီးသွေး သော်လည်းကောင်း၊ ရေအားသော်လည်းကောင်း ရှိပြီးသား လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို အမြန် အကောင်အထည် ဖော်နိုင်မှ သာ လိုချင်တာ ရရှိမှာဖြစ်ပါတယ်။ မြစ်ဆုံ စီမံကိန်း ကို အကောင် အထည် မဖော်နိုင်သေးရင်တောင် ထားဝယ် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို အမြန်ဆုံး အကောင်အထည် ဖော်ကြဖို့ တောင်းဆိုကြဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment