ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 07, 2012

ပန်ဝါကျေးရွာတွင် ဦးဆိုင်လား ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံး


မေ ၀၆ရက်
          မနေ့ကနေ့လည် ၁၀နာရီလောက်တွင် မန်တုံမြို့နယ်ပန်းဝါကျေးရွာတွင် ဦးဆိုင်လားအား KIA မှ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဦးဆိုင်လားက ကျေးရွာတွင် စိုက်ပျိုးငွေကြိုတင်ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင်သီးစား ကောက်ခံခြင်းဖြင့်စီးပွားရှာနေသူတစ်ဦးလည်းဖြစ်တယ်။ KIA က တောင်းသော   ငွေသိန်း ၅၀ ကို မပေးနိုင်ဘူးလို့ပြောဆို ခဲ့သဖြင့်သတ်ခဲ့တယ်လို့သိရပါတယ်။ 

အဲဒီပတ်ဝန်းကျင်ရွာတွေမှာတော့ KIA တပ်မဟာ(၄)ရင်း(၈)က ဗိုလ်လဆိုင်းဦးဆောင်တဲ့အဖွဲ့ အဲဒီလိုဘဲ အမြဲတမ်း ကောက်ခံနေပါတယ်။ အခုလဲ ဆက်ကြေးကိုအဆမတန် တောင်းဆိုတာကြောင့် အဲဒီလိုပြဿနာဖြစ်ပွား ခဲ့ပြီး အသတ်ခံရတယ်လို ပန်းဝါရွာကလူတွေကပြောခဲ့ပါတယ်။

No comments:

Post a Comment