ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 07, 2012

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့သည် လမ်းပန်းဆက်သွယ်မှု ခက်ခဲစေရန် တံတားသုံးစင်းမိုင်းခွဲ




ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ အကျိုးစီးပွား ထိခိုက်စေရန်အတွက် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း/တံတားများကို နေ့စဉ်ရက်ဆက် ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ မေလ ၁ ရက် ည ၁၂ နာရီတွင် မြစ်ကြီးနား-ချီဖွေ ကားလမ်းပေါ်ရှိ ဒွန်ဘန်တံတားအား မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် တံတားကြမ်းခင်း နှစ်ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။ အလားတူ မေလ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီး လမ်းပေါ်ရှိ လန်နခုနှစ်ရောင်ခြယ် သံကူကွန်ကရစ် တံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်များမှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားကြမ်းခင်း အလျားပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ထို့အပြင် မေလ ၂ ရက် နံနက် ၇ နာရီခန့်တွင် မြစ်ကြီးနား-တနိုင်း ကားလမ်း၊ ဝရာဇွတ်ကျေးရွာအနီး သံပေါင်ဘေလီတံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားညာဘက်အခြမ်း ကြမ်းခင်း နှစ်ပေခန့် ပျက်စီးခဲ့ပြီး အောက်ခံသံပေါင် အနည်းငယ် ကွေးသွားခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့၏ အထက်ပါ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

No comments:

Post a Comment