ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 07, 2012

ကချင်အထူးဒေသ(၁) နယ်မြေ ပန်ဝါ၊ ဆဒုံး၊ ကန်ပိုက်တီးဒေသတွေကို သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ KIA


 ယခုရက်ပိုင်းမှာKIA က ပန်ဝါ မြို့ကိုသိမ်းပိုက်ပြီး နောက်ပိုင်းမှာ ကန်ပိုက်တီး၊ဆဒုံး၊ချီဖွေမြို့တွေကိုပါ ဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပန်ဝါ၊ ဆဒုံး၊ ချီဖွေ၊ ကန်ပိုက်တီး စတဲ့မြို့ များဟာ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်က
ဦးဇခုန်တိန့်ယိန်းခေါင်းဆောင်တဲ့ NDAK အဖွဲ့ရဲ့အထူးဒေသ(၁) နယ်မြေဖြစ်ပြီး သစ်နဲ့ သစ်တောထွက်ပစ္စည်း၊ ဓာတ်သတ္တုများ ထွက်ရှိသောဒေသလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဒေသတွေမှာ နေထိုင်တဲ့ လူမျိုးတွေကတော့ လာချိတ်၊ လာဝေါ်၊ လီဆူး၊ ရ၀မ်၊ ဇိုင်ဝါး၊ ဂျိန်းဖော၊ ရှမ်းနှင့် ဗမာ လူမျိုးများ နေထိုင်တဲ့ဒေသဖြစ်ပါတယ်။

အစိုးရတပ်များဟာ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးသို့ နီးကပ်စွာလှုပ်ရှားလာနေခြင်းကြောင့် KIO/KIA ခေါင်းဆောင်များစိုးရိမ်မှုရှိလာခဲ့ကြပါတယ်။ KIA ရဲ့ ဗဟိုဌာနချုပ်ကို တပ်မတော်မှ တိုက်ခိုက်လာမယ်ဆိုရင် ဗဟိုဌာနချုပ်ဆက်လက်ရပ်တည်ရေးအတွက် လိုင်စင်ဒေသကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ လိုင်စင်ဘက်မှာလည်း အစိုးရတပ်လှုပ်ရှားမှုများကြောင့် KIA ဗဟိုဌာနချုပ်ဆက်လက်ရပ်တည်ရေးအတွက် ခက်ခဲလာခဲ့ပြီး KIA ခေါင်းဆောင်များ စိုးရိမ်လာခဲ့ပါတယ်။
KIA ဌာနချုပ်ရပ်တည်ရေးအတွက် အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့အတွက် ကချင်အထူး ဒေသ(၁) နယ်မြေကို သိမ်းပိုက်ရန် ရွေးချယ်ခဲ့တယ်လို့ဆိုရမှာပါ။ အထူးဒေသ(၁)နယ်မြေဟာ တရုတ်မြန်မာ နယ်စပ် လမ်းကြောင်းကောင်းမွန်ပြီး အဓိက ဂျိန်းဖောမျိုးနွယ်စုရှိတဲ့ မေခ မလိခ နဲ့ ဆက်စပ်နေတဲ့ ဒေသ လည်းဖြစ်ပါတယ်။ သစ်လုပ်ငန်းအပါအ၀င် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ လုက်ကိုင်နိုင်ပြီး KIA ရဲ့ စီးပွားရေုးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ဒီဒေသကို သိမ်းယူနိုင်ခြင်းဖြင့် မေခမြစ်တလျှောက် မှာရှိတဲ့ အစိုးရရေအားလျှပ်စစ်လုပ်ငန်းများရဲ့ အဓိကထောက်ပံ့ရေးလမ်းကြောင်းကို ပိတ်ဆို့သွားနိုင်ပြီး စီမံကိန်းလုပ်ငန်းများရပ်တန့်သွားနိုင်ပါတယ်။  

ဒီလိုမျိုးအချက်များကြောင့် KIA ဗဟိုဆက်လက်ရပ်တည်နိုင်ရေးအတွက် အထူးဒေသ(၁)နယ်မြေမှ ပန်ဝါမြို့ကိုသိမ်းပိုက်ရန် နယ်ခြားစောင့်တပ်ဌာနချုပ်(၁၀၀၂)(NDAKအသွင်ပြောင်း)ကို အင်အားသုံး တိုက်ခိုက ခဲ့ပါတယ်။ နယ်ခြားစောင့်တပ်ကို အင်အားသုံးတိုက်ခိုက်ပေမဲ့လည်း မအောင်မြင်ပဲ အကျအဆုံး များခဲ့ရပါတယ်။ အကျအဆုံးများခဲ့ပေမဲ့ KIA ဗဟိုဌာနချုပ်ရပ်တည်ရေးအတွက် အထူးဒေသ(၁)နယ်မြေ ကိုသိမ်းပိုက်ရမှာ ဖြစ်တဲ့ အတွက် အထူးဒေသ(၁)နယ်မြေအတွင်းက ဆဒုံးမြို့၊ ချီဖွေ နှင့် ကန်ပိုက်တီးမြို့များကို ဆက်လက် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ 

အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO/KIA တို့ဟာ ၇ ကြိမ်တိုင်ဆွေးနွေးခဲ့ကြပေမဲ့ KIO/KIA ခေါင်းဆောင်ပိုင်းများမှာ တိုက်ပွဲများကိုသာအရှိန်မြင့်တိုက်ခိုက်လာခဲ့ပါတယ်။ စစ်ရေးအတွက်တစ်ဖက်မှ တိုက်ပွဲ များဆင်နွှဲနေပြီး နိုင်ငံရေးရည်မှန်းချက်အတွက် တစ်ဖက်မှငြိမ်းချမ်းရေးဆွေးနွေးရေးများ လုပ်နေပေမဲ့ စစ်ပွဲကို သာဖန်တီးနေကြပါတယ်။ ပန်ဝါမြို့ကိုတိုက်ခိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း ရထားလမ်း ကားလမ်း တံတားတွေကို မိုင်းကွဲတိုက်ခိုက်တာတွေကို KIA မှ အရှိန်မြှင့်လုပ်ကိုင်လာခဲ့ကြပါတယ်။

KIA ရဲ့လူမျိုးရေးခွဲခြားမှုအရ ကချင်အထူးဒေသ(၁) နယ်မြေမှ လူမျိုးများကိုလည်း KIA ခေါင်းဆောင် များရဲ့ လူမျိုးရေးခွဲခြားဆက်ဆံသည့် လူမျိုးရေးမူဝါဒအရ မျိုးတုန်းသုတ်သင်ရေးနှင့် တိုင်းရင်းသား များ လိုလား တဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်ပြီး တိုက်ပွဲများကို ဖန်တီးလိုခြင်းကြောင့်သာ အထူးဒေသ(၁)နယ်မြေ အား မတရားသိမ်းပိုက်နေခြင်းတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment