ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 07, 2012

KIA မှ လျှပ်စစ်တာဝါတိုင်းအား ထပ်မံ မိုင်းခွဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်သောစက်အားမီးရှို့


          မနေ့နေ့လည်လောက်က KIA အဖွဲ့မှမိုင်းထောင်ဖောက်ခွဲခဲ့သောကြောင့် ရွှေလီ/မန်စံလျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်အမှတ်(၁၈၂)မှာ ပျက်စီးသွားခဲ့ပါတယ်။ ဖောက်ခွဲမှုကြောင့် တာဝါတိုင်ကပြိုကျပျက်စီးသွားမှုမရှိပေမယ့် တိုင် ၄ခုလုံးတော်တော်လေးကိုပျက်စီးသွားခဲ့တယ်။ မြန်မာ/တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်း လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့မှ လုပ်ငန်းသုံး ဂဟေဆော်စက်နှင့် ကရိန်းကား(၁)စီးအား KIA မှမီးရှိုဖျက်စီးသွားခဲ့တယ်လို့ အဲဒီ လုပ်ငန်း မှာလုပ်ကိုင်နေတဲ့ လုပ်သားတစ်ဦးကပြောကြားခဲ့ပါတယ်။ KIA မှ နေ့လည်၂နာရီလောက်မှာ ရောက်လာပြီး မီး ရှို့သွားတယ်လို့ပြောပါတယ်။ ဘယ်သူမှလဲ မပြောရဲပါဘူး။ ပြောရင်အသတ်ခံရမှစိုးလို့ပါ။

KIA က အခု ဧပြီလ၂၆ ရက်နေ့မှစ၍ လုပီကို တိုက်ပြီး သူတို့ ရှုံးလို့ ထွက်ပြေးခဲ့ရပြီးတဲ့နောက်မှာ စစ်တပ် နဲ့ မဆိုင်တဲ့လုပ်ရပ်တွေမှာ ပိုမိုအကြမ်းဖက်လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ သူတို့ဟာ ဘာကြောင့် အဲဒီလိုတွေ လုပ်နေတယ်ဆိုတာကိုနားမလည်နိုင်အောင် ဖြစ်နေရပါတယ်။ ဒီမှာ အလုပ်လုပ် နေတဲ့သူတွေကလဲဘယ်သူမှ မလုပ်ရဲ မကိုင်ရဲဖြစ်နေရပါတယ်။

No comments:

Post a Comment