ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 22, 2012

ဒီမိုကရေစီအပေါ် သစ္စာမရှိသော ဒီမိုကရေစီခေါင်းဆောင်



From : ကိုတင်ဝင်း


ဇွန်လ (၁၆)ရက်နေ့ နော်ဝေးမှာပြောတဲ့ နိုဘယ်လ်မိန့်ခွန်းကို ကြားလိုက် မြင်လိုက်ရတာ ရင်ကွဲပက်လက်ခံစားလိုက်ရတယ်။

ကျုပ်တို့ဦးထိပ်ပန်ဆင်ခဲ့တဲ့ သစ္စာတရား မြင့်မိုရ်တောင်ကြီးပြိုကျသွားသလိုပါပဲ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ အစွမ်းကုန်ကူညီပေးခဲ့ကြတဲ့ အနောက်နိုင်ငံ တွေ၊ ကျုပ်တို့နိုင်ငံကိုကမ္ဘာက သတိပြုမိအောင် ဖော်ဆောင်ပေးတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်တဲ့လား။

ဟိုး ၈၈ အရေးအခင်းကတည်းကနေ အခုချိန်ထိ မိသားစုတွေ တစ်ကွဲတစ်ပြားဖြစ်ခံပြီး ထောင်ကျခံလုပ်ဆောင်ခဲ့တဲ့အမျိုးသား၊အမျိုးသမီးတွေ၊ ဘ၀ရှေ့ရေးမှိန်းမှိန်ခံ ၊အနစ်နာ ခံပြီး ကျောင်းထုတ်ခံကာ ချီတက်ခဲ့တဲ့မျိုးချစ်ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အတွက်ဆိုရင် လောကငရဲလို့ တင်စားတဲ့ ထောင်ထဲမှာ အသက်ပေးခဲ့တဲ့လူတွေ စသည်ဖြင့်ပေါ့ဗျာ။ သူတို့ရဲ့ သွေး၊ချွေးတွေ၊ ပေးဆပ်ခဲ့မှုတွေကို ထည့်မတွက်တော့ ပါလား။

ဒီမိုကရေစီခေါင်းဆောင် အမည်ခံထားတဲ့ ခင်ဗျားတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ ဖော်ဆောင်လို့ရစတမ်းတဲ့လား။ လူကြားကောင်းအောင်၊ ဂရုဏာသက်ပြီး ထောက်ခံကြ အောင်၊ ပြည်သူ့ မျက်ရည်ချူချဖို့ ပြောနေကျစကားဖြစ်တဲ့ အနှစ် ၂၀ အချုပ်ကျခံပြီး ကြိုးပမ်းခဲ့ပါတယ် ဆိုတဲ့ ခင်ဗျားက ထမင်းချိန် ထမင်း၊ စားချိန်စား၊ အိပ်ချိန်အိပ်နဲ့ သက်တောင့်သက်သာနေခဲ့ရတာပါဗျာ။ ခင်ဗျားရဲ့ ဆွေတော်မျိုးတော် အဖြူကောင်တွေ ကို ဒီလောက်အထိ ဦးထိပ်ထားရလောက်အောင် သူတို့က ဘာများ ဦးနှောက်ပူလောက် အောင် လုပ်ပေးခဲ့လို့လဲ။

တကယ် ဘ၀တွေရင်းခဲ့ရတာ ပြည်တွင်းက သာမာန်လူတန်းစား ကျုပ်တို့တစ်တွေပါ။

အခုအစိုးရလက်ထက်မှာ ခင်ဗျားက ကမ္ဘာတစ်ပတ် ကြွကြွရွရွ လျောက်လှမ်းကာ လက်မထောင်နိုင်ပြီဆိုတော့ တစ်ချိန်က ရဲဘော်ရဲဘက်တွေကို မျက်နှာလွှဲခဲပစ် လုပ်ပြီပေါ့။ စင်ပေါ်ရောက်ပြီဆိုတော့ အဖြူသွေးတွေကို ဂုဏ်ဖော်ပြီး ကျေးဇူးအထူး တင်ရှိပြီပေါ့။

ကျုပ်တို့အားလုံးရဲ့ ရင်ထဲက ဒီမိုကရေစီကို ခင်ဗျားက သစ္စာဖောက်လိုက်တာပဲ ၊ မစုရေ။

No comments:

Post a Comment