ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 22, 2012

ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာ ရွာအစွန်အိမ်များ ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး



From : မြ၀တီ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာနှင့် ဦးကာကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူအချို့သည် ဇွန် ၁၉ ရက်နံနက် ၇ နာရီခွဲခန့်တွင် အနောက်ပြင်ကျေးရွာသို့ စုဝေးသွားရောက်ကြပြီး ရွာအစွန်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေတဲ ၃၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာသား ၃ ဦး သေဆုံး၍ ရွာသားအချို့ ဒဏ်ရာရရှိခဲ့သည်။ သတင်းရလျှင်ရချင်း ကျေးရွာနှင့်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီရောက်ရှိ၍ မီးငြှိမ်းသတ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသောပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment