ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 22, 2012

ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ နိုင်ငံခြားသား အမျိုးသမီးတစ်ဦး အသတ်ခံရ



From : မြန်မာတိုင်းမ်

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက် အနောက်ရွှေဂုံတိုင်လမ်းပေါ်ရှိ ယုဇန ဟိုတယ် အခန်းအမှတ်(၈၀၅)တွင် နိုင်ငံခြားသား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိ၍ ဗဟန်းရဲစခန်းမှ ဒုရဲအုပ် ခင်ဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူ အမျိုးသမီးတွင် ၀ဲယာရင်အုံ ပြတ်ရှ ဒဏ်ရာ ရှစ်ချက်၊ ၀မ်းဗိုက်တွင် ၁၀ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ အူထွက် ချက် အောက်နား မိန်းမအင်္ဂါ အထိ ရှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ များရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်ပွားရာအခန်းတွင် တောင်ကိုရီးယားနိုင်ငံသား Mr Kimhoeong Coek (၅၇ နှစ်) နှင့်အတူ ဇနီးဖြစ်သူ Ms Kim Pun Nani
(၅၅ နှစ်)တို့ တည်းခိုနေကြောင်း သိရသည်။
၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဇွန်လ ၁၇ ရက်နေ့တွင် ပုဂံ-ညောင်ဦး၊ ဇွန်လ ၁၈ ရက်နေ့တွင် အင်းလေးသို့ သွားရောက်ခဲ့ကြပြီး ဇွန်လ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ယုဇနဟိုတယ်သို့ ပြန်လည်ရောက် ကြပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသူ သေဆုံးသူ၏ခင်ပွန်း Mr Kimhoeong Coek အား ဗဟန်းရဲစခန်းက (ပ)၂၉၇/၁၂ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment