၁။ အဲဒီနေ့က ရခိုင်တိုင်းရင်းသူ
မသီတာထွေး ကို မွတ်ဆလင် သုံးဦးက မုဒိန်းကျင့်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး စာနာ
သနား စိုးရိမ် ကြောင်း တစ်ခွန်းမှ မပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
တောင်ကုတ်မြို့မှ မွတ်ဆလင်များ သေဆုံးချိန်မှာတော့ အလွန်တရာ စာနာ သနား
ကိုယ်ချင်းစာမိကြောင်း ထပ်ခါ ထပ်ခါ ပြောခဲ့ပါတယ်။
၂။
အဲဒီနောက် ရခိုင်ရွာတွေကို တစ်ခုပီးတစ်ခု မီးရှို့ခံနေရချိန်မှာလည်း
ဘာအကူအညီမှ မပေးပဲ စာရွက် တစ်ရွက်ပဲ ထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက်
မငြိမ်းမချမ်းဖြစ်နေတဲ့ မြန်မာမြေကို စွန့်ခွာပြီး
ငြိမ်းချမ်းရေးနိုဘယ်စုကို သွားယူခဲ့ပါတယ်။

၃။
နိုင်ငံခြားရောက်ချိန်မှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာလဲ
ပွင့်ပွင့်လင်းလင်း မြင်သာမှု မရှိပဲ ဝေ့လည်ကြောင်ပတ်နဲ့ ဖြေကြားခဲ့ပါတယ်။
အစိုးရဖက်မှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လုံးဝ မဟုတ်ကြောင်း
ပြောခဲ့ပါတယ်။ ၈၈ မျိုးဆက်များထဲမှ ဦးကိုကိုကြီးကလည်း ရိုဟင်ဂျာ ဟာမြန်မာ
တိုင်းရင်းသား မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုချိန်ထိ ရိုဟင်ဂျာက မြန်မာ တိုင်းရင်းသား
မဟုတ်ပါဘူးလို့ လုံးဝ မပြောပါဘူး။
၎။ အဲဒီနေ့တုန့်က ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ဂုဏ်ယူဝင့်ကြွားစွာ အပြုံးမပျက် ယူနေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကြီးကတော့ တစ်မြို့လုံး ခြောက်ကပ်ပြီး လမ်းပေါ်မှာ လူတစ်ယောက် မှ မရှိပဲ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မြို့ထဲ မှာ မီးလောင်ပြင် အချို့နဲ့ မီးခိုး ငွေ့ငွေ့ ထွက်နေတဲ့ ပျာပုံ များ နဲ့ လုံခြုံရေးများ သေနတ်များကိုင်ကာ ငြိမ်သတ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို ထိုက်ထိုက်တန်တန် ရခဲ့တာ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။
၎။ အဲဒီနေ့တုန့်က ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ဂုဏ်ယူဝင့်ကြွားစွာ အပြုံးမပျက် ယူနေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကြီးကတော့ တစ်မြို့လုံး ခြောက်ကပ်ပြီး လမ်းပေါ်မှာ လူတစ်ယောက် မှ မရှိပဲ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မြို့ထဲ မှာ မီးလောင်ပြင် အချို့နဲ့ မီးခိုး ငွေ့ငွေ့ ထွက်နေတဲ့ ပျာပုံ များ နဲ့ လုံခြုံရေးများ သေနတ်များကိုင်ကာ ငြိမ်သတ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို ထိုက်ထိုက်တန်တန် ရခဲ့တာ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။

၅။
နိုင်ငံခြားရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ကို အိုးစည် ဒိုးပတ်တွေနဲ့
သီချင်းဆို ကြိုဆို ပျော်ပါးနေချိန်မှာ စစ်တွေမြို့ထဲက တိုင်းရင်းသား
ပြည်သူများကတော့ ဗိုက်ဆာလွန်းလို့ ခေါက်ဆွဲခြောက် ဘယ်သူလာ ပေးမလဲ ဆိုတာကို
စောင့်မျှော်ကာ အိမ်ရှေ့မှာ တစ်ယောက်စ နှစ်ယောက်စ ထွက်ရပ်ရင်း လမ်းပေါ်ကို
မျှော်ကြည့်နေကြပါတယ်။



၉။
အဲဒီနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကာ မွေးနေ့ကိတ်ကြီးကို မီးမှုတ်ပြီး
ဓားဖြင့်ခွဲ နေချိန်မှာ ရခိုင် ဒေသ က အဖွားအို တစ်ဦးကတော့ ''သားကြီးရယ်
အမေ တို့မှာ ဘာမှ မရှိတော့ဘူး။ ချက်စရာ၊ ပြုတ်စရာ အိုး၊ ခွက်တွေကအစ
မရှိတော့ဘူး။ အိမ်သားတွေလည်း မရှိတော့ဘူး'' ဆိုပြီး ငိုကြွေးနေပါတယ်။
မျက်ရည်တွေ ကျလာပြီး လာရောက်ကူညီသူများလက်ကို အားရပါးရ စွဲကိုင်
ငိုကြွေးကြပါတယ်။ ရခိုင်ဒေသ မှာ ငိုသံတွေ လွှမ်းနေချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဟက်ပီးဘက်ဒေး သီချင်း ကြားမှာ ပြုံးပျော်နေပါတယ်။

၁၀။ ဒုက္ခသည် စခန်းပေါင်း ၁၀ ခုကျော်မှာ ဒုက္ခသည်ပေါင်း ၃ သောင်းကျော် ပြည့်ကျပ်နေထိုင်နေရပြီး ဝမ်းရောဂါ ရ နေချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒေါက်တာ ဘွဲ ဆိုတာ ကို ရနေပါတယ်။ ရခိုင်းသားတို့လည်း ဂုဏ်ယူချင်ကြပါတယ်.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေါက်တာဘွဲ့က အခုလက်ရှိ ပြေတီဦး လာပေးတဲ့ ခေါက်ဆွဲခြောက် တစ်ထုတ်လောက်တောင် ရခိုင်းသားတို့အတွက် အသုံးမဝင်တဲ့အကြောင်းကို ဒုက္ခသည် စခန်း မှ အဘိုးအို တစ်ဦးက အခုလို ပြောပြပါတယ်။
"ဟုတ်လား... ဘာဘွဲ့ရသွားတာတုန်း... အော်.. ဒေါက်တာဘွဲ ဆိုတော့ ဒေါက်တာဖြစ်တာလား... အဲဒီဘွဲ့က ဘယ်လောက် အရေးပါ အသုံးကျလဲတော့ မသိပါဘူးကွယ်.. ဂုဏ်လဲ မယူနိုင်သေးပါဘူး.. အခုချိန်မှာ အသုံးကျဆုံးက မင်းသားပြေတီဦး ပေးတဲ့ ခေါက်ဆွဲခြောက်တွေပဲ..."
လို့ ပြောပါတယ်။
၁၁။ ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့ဝတ်စုံကြီး ဝတ်ကာ ဓာတ်ပုံတွေ ရိုက်ကာ ပြုံးပျော်နိုင်နေချိန်မှာ ရခိုင်ပြည်နယ်မှ ကျောင်းဖွင့်ချိန်ရောက်နေတဲ့ ကလေးငယ်များ ကျောင်းတက်ဖို့ အဝတ်အစားမရှိ စာအုပ်မရှိ ဖြစ်နေပါတယ်။

၁၂။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘေးကလူတွေက ဟက်ပီးဘက်ဒေး သီချင်းဆိုတာ ကိုကြားနေချိန်မှာ ရခိုင်ဒေသ က ငိုသံတွေကို မေ့နေပါတယ်၊ ဘွဲ့ဝတ်စုံဝတ်ပြီး ဘွဲ့ယူပျော်ရွှင်နေချိန်မှာ ရခိုင်ဒေသက ကျောင်းမတတ်နိုင်တဲ့ ကလေးတွေကို မေ့နေပါတယ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆု ကို တက်ယူနေချိန်မှာ ရခိုင်ဒေသက မီးလောင်ပြင်တွေကို မေ့နေပါတယ်၊ သားမြေးများနဲ့ ပျော်ပါး စားသောက်ချိန်တွေမှာ ရခိုင်ဒေသက ခေါက်ဆွဲခြောက် တစ်နေ့ ခေါက်ဆွဲခြောက် တစ်ထုတ်စားနေရတဲ့ ရခိုင်ပြည်သူ တွေကို မေ့နေပါတယ်။

၁၃။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ပွင့်လင်းမြင်သာစွာ မပြောသလို၊ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြစ် ဆွဲသွင်းနေတဲ့ မီဒီယာတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မေးမြန်းပျော်ပါးနေပြန်ပါတယ်။

No comments:
Post a Comment