ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 25, 2012

ရခိုင်ပြည်နယ် အတွင်း မီးလောင် ခံရသည့် ဒေသခံများ၏ နေအိမ်များအား တန်ဖိုးနည်း အိမ်ရာများ ပြန်လည် ဆောက်လုပ် ပေးသွားရန် ရှိ



From : MRTV4
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွား ပေါ်ပေါက်ခဲ့တဲ့ အခြေအနေ များကြောင့် မီးလောင် ခံရတဲ့ အိမ်တွေကို တန်ဖိုးနည်း အိမ်ရာများ အဖြစ် ပြန်လည်
ဆောက်လုပ် ပေးသွားဖို့ ရှိတယ်လို့ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။
ဒီလို ဆောက်လုပ် ပေးရာမှာလည်း ကြမ်းခင်း၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနဲ့ ဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ဖို့ အတွက် ကိုတော့ အဆိုပါ ရခိုင်ပြည်နယ် အတွင်း မူလ အတိုင်း ပြန်လည် တည်ငြိမ် အေးချမ်းသွား မှသာ ဆောက်လုပ်ပေး သွားမှာ ဖြစ်ပါတယ်။
အဆိုပါ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မယ့် အိမ်တစ်လုံးရဲ့ ဈေးနှုန်း ကတော့ အကျယ်အ၀န်း အလျား ၂၄ ပေx အနံ ၁၈ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ပန္နက်တိုင် သစ်သား တိုင်သစ် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ် တစ်လုံးကို ကျပ် နှစ်ဆယ့် ရှစ်သိန်း လေးသောင်း ဖြစ်ပြီး အလျား ၂၄ ပေx အနံ ၁၈ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ပန္နက်တိုင် သစ်သားတိုင် ၀ါးကြမ်းခင်း၊ ၀ါးထရံကာ သွပ်မိုးအိမ် ဆိုရင်တော့ တစ်လုံးကို ကျပ် ၂၂ သိန်း တန်ဖိုးရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်နဲ့ ၁၈ ပေ ပတ်လည်နဲ့ နောက်ဖေး မီးဖိုချောင် ၄ ပေx ၆ ပေပါ အုတ်ပန္နက်တိုင်၊ သစ်သားတိုင်၊ သစ်ကြမ်းခင်း၊ ၀ါးထရံကာ သွပ်မိုး ကိုတော့ ကျပ် ၂၁ သိန်းနဲ့ သတ်မှတ် ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါ တန်ဖိုး ၃ မျိုး သတ်မှတ် ထားတဲ့ အိမ်ရာ ဒီဇိုင်းကို ရခိုင်ပြည်နယ် စည်ပင်သာယာရေး အင်ဂျင်နီယာ ဌာနမှ ရေးဆွဲပြီး ၀န်ကြီးချုပ် ထံသို့ တင်ပြကာ အတည်ပြုချက် ရယူပြီးမှ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မှုကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနက တာဝန်ယူ တည်ဆောက် ပေးမှာဖြစ်ပြီး အိမ်ရာ ဆောက်လုပ်ဖို့ အတွက် လှူဒါန်းလို သူတွေဟာ အဆိုပါ ၀န်ကြီး ဌာနသို့ဆက်သွယ် လှူဒါန်း နိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment