ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 25, 2012



ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုယူပြီး ၁၀ ရက် အတွင်းမှာ မောင်နှမချင်း ငြိမ်းချမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ တရားရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် အယူခံဝင်မယ်လို့ ပြောလိုက်ပါတယ်။ သက်ရှိထင်ရှား မောင်နှမ အရင်း နှစ်ယောက်သာ ရှိတဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့မှ ဦးအောင်ဆန်းဦးက မိဘ အမွေကို မောင်နှမ နှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲယူလိုပေမယ့် နိုဘယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်တည်း အပိုင်စီးချင်တာကြောင့် တရားရုံးမှာ အမှု ရင်ဆိုင်နေရတာ ၈ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ မောင်နှမ နှစ်ယောက်အား အညီအမျှ ခွဲဝေယူဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
တရားရုံးက ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ အယူခံဝင်မှာဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားမှာ မောင်နှမ အရင်းမက လို့ အမွှာပူး ဖြစ်နေရင်တောင် အမွေ တစ်ဝက် ခွဲမပေးနိုင်ကြောင်း၊ အမွေအားလုံးကို အပိုင်စီးမှာ ဖြစ်ကြောင်း၊ ဦးအောင်ဆန်းဦးနဲ့ ရင်ကြားမစေ့နိုင်ကြောင်း ပြောပါတယ်။

မောင်နှမချင်း မတည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ စကား ကို အမြဲပြောတတ်ပြီး အခု နိုင်ငံခြားရောက်နေချိန်မှာလည်း နိုင်ငံခြားမှ မြန်မာအချင်းချင်း စည်းလုံးဖို့ ရှေ့မျက်နှာ နောက်ထားကာ အရှက်ကင်းမဲ့စွာ ပြောနေဆဲဖြစ်ပါတယ်။

No comments:

Post a Comment