ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 25, 2012

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်



ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ့်ယာ ကို ပြန်ရောက်လာတဲ့ အင်္ဂလန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဘဝ တူ မြန်မာနိုင်ငံကို စွန့်ပြီး ဗြိတိန်မှာ အလုပ်အကျွေး ပြုနေတဲ့ မြန်မာတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာဘုန်းကြီးတွေနဲ့ ပြဿနာ တက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူမနဲ့ တွေ့ဖို့အတွက် ကလေးက အစ ဘုန်းကြီးအထိ တစ်ယောက်ကို ဗြိတိန်ငွေ ၁၀ ပေါင် တောင်းယူ ကောက်ခံ ခဲ့ပြီး ပိုက်ဆံပေးပြီး လာရောက်တွေ့ဆုံသူများက မေးခွန့်အချို့ကို မေးမြန်းခဲ့ကြပါတယ်။ ဗြိတိန်က မြန်မာတွေနဲ့ ဗြိတိန်ကို အကြာကြီးခွဲပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် တွေ့ဆုံပွဲမှာ NLD ပါတီဝင်လည်းမဟုတ်၊ ဘာမှလည်း မဟုတ်တဲ့ ဇာဂနာကလည်း ကပ်ပြီးလိုက်လာတဲ့အပြင် ဘာမဆိုင်ညာမဆိုင်နဲ့ အခမ်းအနားမှူးပါ ဝင်လုပ်ခဲ့ရမှ ပြဿနာ တွေ တက်ကုန်ခဲ့တယ်လို့ သိရပါတယ်။

"တောင်ကုတ်မှ ရခိုင်များကို အလွန်မုန်းတယ်" လို့ ပြောခဲ့တဲ့ ဇာဂနာဟာ မွတ်ဆလင်များကိုသာ ဦးစားပေးခဲ့ပြီး လန်ဒန်မှ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးများကို မထီမဲ့မြင် ပြူမူပြောဆိုမှုကြောင်း အစီအစဉ် အားလုံး ပြီးဆုံးသွားချိန်မှာ ဘုန်းကြီးများက လုံးဝ မကျေမနပ်ဖြစ်နေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဖူးလို့ သွားကြည့်ခဲ့သူ တစ်ဦးက အခုလို ပြောပါတယ်။

"ပြဿနာက တော့ တော်တော်ကြီးတယ်ပြောရမယ်ဗျ... အန်တီစု ဝင်လာတဲ့အချိန်မှာ အားလုံးကို မက်တက်ရပ်ခိုင်းပြီး နိုင်ငံတော် သီချင်း ဆိုခိုင်းတယ်လေ... အဲဒီ မှာ ဘုန်းကြီးတွေနဲ့ ပရိတ်သက်တွေက စပြီး စိတ်မသက်မသာ ဖြစ်နေကြတယ်... နောက်ပိုင်း မေးခွန်းတွေ ကတခြား အန်တီစုဖြေသွားတာက ကိုလိုရာ ကိုစွဲ ပြီး မေးတာနိုင်မဆိုင်တာတွေ လျှောက်ဖြေတော့ ပိုဆိုးတာပေါ့.. ၁၀ ပေါင်ပေးပြီး လာကြည့်ရတာ မတန်ဘူးလေ... အစီအစဉ် ကမောက်ကမ ဖြစ်တာ က အဆိုးဆုံးပဲ... ဘုန်းကြီးတွေကလည်း မကျေနပ်ကြဘူး... အန်တီစုလည်း မျက်နှာတော်တော်ပျက်နေတယ်... NLD-LA (UK) က အဖွဲ့တွေ အားလုံးလည်း အစီအစဉ်တွေ ဖရိုဖရဲ ဖြစ်ပြီး ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်... " လို့ ဆိုပါတယ်။

လန်ဒန်တွေ့ဆုံပွဲမှာ ဖြစ်တဲ့ ဘုန်းကြီး နဲ့ ဒေါ်စု ပြဿနာကြောင့် ယူကေမှ သံဃာတော်အားလုံးက လုံးဝ မကျေနပ်နိုင် ဖြစ်နေကြကြောင်း သိရပြီး ဇာဂနာကတော့ အားလုံးက ၎င်း နှင့် ထိန်ထိန် တို့ရဲ့ အပြစ်သာ ဖြစ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာများကို facebook ပေါ် မှာ စာရိုက်ကာ ဖြစ်သလို တောင်းပါတယ်။

No comments:

Post a Comment