ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 25, 2012

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကုလသမဂ္ဂ စဉ်ဆက် မပြတ်ဖွံ့ဖိုး တိုးတက်မှု ညီလာခံ (ရီယို+၂ဝ)သို့ တက်ရောက်ရန် ဘရာဇီးလ်


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ၌ကျင်းပ မည့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ညီလာခံ(ရီယို+၂ဝ)သို့ တက်ရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန်လ (၈) ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဘရာဇီးလ် နိုင်ငံ သံအမတ်ကြီး Mr. Jose Carlos da Fonseca
Junior နှင့် သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲ များ လိုက်ပါသွားကြသည်။

No comments:

Post a Comment