ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 08, 2012

အပေါ်ကားဈေးကွက် အရောင်းအ၀ယ်မဖြစ်



From : တိုးဝေအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)

ဆာကူရာကားအရောင်းပြခန်းတွင် ၀ယ်ယူရန် ကြည့်ရှုနေသူများကို တွေ့ရစဉ်။
ဓာတ်ပုံ - ဘူးသီး
ရန်ကုန် ကားဈေးကွက်အတွင်း ကျပ်သိန်း ၂၀၀ ၀န်းကျင်ခန့်ကားများ အရောင်းအ၀ယ်ဖြစ်ပြီး အောက်ကားများဝယ်လက်ရှိသော်လည်း အပေါ် ကားများ အရောင်းအ၀ယ်မဖြစ်ကြောင်း ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ် ရောင်းလုပ်သူများက ပြောသည်။

"ဈေးကွက်ထဲမှာ အောက်ကားတွေ တော်တော်များများ အ၀ယ်လိုက် ပေမယ့် ရောင်းမယ့်သူ သိပ်ပြီး မရှိဘူး။ ၀ယ်တဲ့ သူတွေကလည်း ကျပ်သိန်း ၁၅၀ နဲ့ ၁၆၀ လောက်ဈေးရှိတဲ့ ကားတွေကို ရှာဝယ် ကြတယ်။ ကျပ်သိန်း ၂၀၀ ၀န်းကျင် လောက်သာရှိတော့တဲ့ Mark II ရွှေငါး၊ Harrier ၊ နဲ့ Surfတွေကတော့ ပုံမှန်အရောင်းအ၀ယ် ဖြစ်နေတယ်။ ဒီကားတွေက အရင်တုန်းကဆိုရင် ကျပ်သိန်း ၃၀၀ နဲ့ အထက်ပေါက်ဈေး ရှိပေမယ့် အခုတော့ ကားဈေးတွေ ဆက်တိုက်ကျနေတော့ ၀ယ်လက် တွေ များတဲ့အတွက် အ၀ယ်လိုက်နေလို့ ပုံမှန်တော့ အရောင်းဝယ် ဖြစ်နေပါတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။
အလယ်အလတ်ကားများအရောင်း အ၀ယ်ဖြစ်သော်လည်း ဈေးကွက်တွင်း အမြင့်ကားဟု ခေါ်သည့် အထက်ကား ဈေးကွက်တွင် အရောင်းအ၀ယ်မဖြစ်ဘဲ ၀ယ်လက်များက အမြင့်ကားဈေးနှုန်း များ ဆက်လက်ကျဆင်းနိုင်ဦးမည်ဟု ထင်မြင်ယူဆကာဈေးကွက် အခြေ အနေကို စောင့်ကြည့်နေခြင်းကြောင့် အမြင့်ကားများ အရောင်းဝယ်မရှိခြင်း ဖြစ်ကြောင်း ပွဲစားများကပြောသည်။
"တချို့ပွဲစားတွေကတော့ အိမ်ခြံ မြေလိုင်းဘက်ကို ကူးသွားကြတယ်။ အိမ်ခြံမြေဈေးတွေကလည်း တစ်ဟုန် ထိုးမကျပေမယ့် ရောင်းတဲ့ ၀ယ်တဲ့သူ တွေရှိတော့ ပုံမှန်အလုပ်ရှိတာကြောင့် ပွဲစား တချို့လိုင်းပြောင်းကုန်ကြတာပါ"ဟု ကားဝယ်ရောင်းလုပ်ကိုင် ကိုနိုင်လင်း က ပြောသည်။
မေလနောက်ဆုံးပတ်တွင်းက ကား ဈေးကွက်အတွင်း Mark X ပေါက်ဈေးမှာ ကျပ်သိန်း ၂၅၀၊ Mark II ရွှေငါးမှာ သိန်း ၁၉၀၊ Mark II Harrier သိန်း ၂၃၀၊ Caldina (စက်ရုပ်) သိန်း ၂၀၀၊ Sunny သိန်း ၇၀၊ နစ်ဆန်း သိန်း ၇၀၊ စူပါဆလွန်းသိန်း ၁၀၀ ၀န်းကျင်ခန့် အသီးသီးရှိပြီး Chery Wagon မှာ သိန်း ၁၀၀ ၀န်းကျင်ခန့် ဖြင့် ဈေးကွက်အတွင်း ရောင်းအ၀ယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment