ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 08, 2012

ယနေ့ည မောင်တောမြို့နယ်တွင် ဘင်္ဂလီကုလားများ၏ ယုတ်မာမူကြောင့် ရခိုင်လူမျိုးများသေကြေဒဏ်ရာရ





ယနေ့ည ၇ နာရီ ၅၂ မိနစ်လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။

ည ၇ နာရီ ၅၈ မိနစ်တွင်မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

သေဆုံးနှင့် ဒဏ်ရာရသူများ စာရင်း

ဦးလှမောင် -ရဲတပ်ကြပ်အငြိမ်းစား ဗိုလ်မှူးရွာ (သေဆုံး)
စုစုပေါင်း ဓားဒဏ်ရာ အချက် ၂၀ခန့်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး
ဒေါ်သန်းသန်းရင် (သေဆုံး)
ဓားဒဏ်ရာ
ဦးခင်မောင်လတ်-ဆရာဝန် (ဒဏ်ရာပြင်းထန်)
ဓားဒဏ်ရာ
ဦးကျော်-စခန်းမှူးအငြိမ်းစား(ဒဏ်ရာပြင်းထန်)
ယနေ့ မောင်းတောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ/သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်
ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊
လက်သန်းပြတ်ရှဒဏ်ရာ
တို့ဖြင့် သေဆုံး

ဒဏ်ရာရရှိသူများကိုမောင်တောဆးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့သည်။

No comments:

Post a Comment