ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 08, 2012

ဘင်္ဂလားဒေခ်ျ့ က မြန်မာ ထက် အဆ များစွာ သာတော့မည်




ခေတ်မှီ တိုးတက်နေသော နိုင်ငံတိုင် နူကလီးယား စွမ်းအင်ကို ပိုင်ဆိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရုရှား အကူအညီဖြင့် နူကလီးယား ဓတ်ပေါင်းဖိုများ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အတိုက်အခံအချို့၏ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းလိုက်ရသည်။ အိမ်နီးချင်း မွတ်ဆလင် တို့၏ ဘင်္ဂလာဒေခ်ျ့တွင်
ယခုနှစ်မှ စပြီး ရုရှား အကူအညီဖြင့် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်တော့မည်ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် အတွက် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်ရန် ရုရှားနှင့် ဇွန်လ ၄ ရက်နေ့က သဘောတူညီမူ စာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့ကြသည်။
ရုရှားနိုင်ငံမှ ဓါတ်ပေါင်းဖိုများ။
ရုရှားနိုင်ငံမှ ဓါတ်ပေါင်းဖိုများ။

ရုရှားနှင့် ဘင်္ဂလာဒေခ်ျ့အကြား အဓိက သဘောတူညီမူ နားလည်မူ စာချွန်လွှာနှစ်ခုကို ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ဇွန်လ၄ ရက်နေ့က ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ ဘက်က သိပ္ပံနှင့် နည်းပညာဝန်ကြီး Yeafesh Osman နှင့် ရုရှားဘက်မှ စွမ်းအင်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Sergey Kirienko တို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

သဘောတူညီမူ နှစ်ခုတွင် ပထမ တစ်ခုမှာ နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ အတွက် ရုရှားမှ အတတ်ပညာရှင်များ အပါအ၀င် လူသားဆိုင်ရာ အရင်းအမြစ်များ ကူညီ် ပံ့ပိုးရန် အတွက် သဘောတူညီချက် ဖြစ်ကြောင်း သတင်းများက ရေးသား ဖေါ်ပြသည်။

ဒုတိယ အချက်အနေဖြင့် နျူကလီးယား စွမ်းအင်နှင့် နျူကလီးယား ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်ပြီး လူထုအား အသိပေး ရန်အတွက် သတင်းပြန်ကြားရေး စင်တာ တစ်ခုကို ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖွင့်လှစ်ရန် ဖြစ်သည်။

ယခုနှစ် အချိန်တို အတွင်းတွင်ပင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြို့တော် ဒက္ကားတွင် အဆိုပါ သတင်းပြန်ကြားရေး Information Center အားဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ အနေဖြင့် ရုရှား အကူအညီဖြင့် နျူကလီးယား ဓါတ်အားပေး စက်ရုံ (၂) ခုကို Rooppur ဒေသတွင် များမကြာမီ စတင် တည်ဆောက်မည်ဟု အာဏာပိုင်များက ပြောသည်။

နှစ်နိုင်ငံ အကြား သဘောတူညီချက် ရရှိပြီးနောက် ရုရှားမှ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဖွဲ့သည် လာမည့် အပတ်တွင် ဒက္ကားမြို့ကို ရောက်ရှိလာမည် ဖြစ်ပြီး အသေးစိတ် လုပ်ငန်း အချက်အလက်များကို အကောင်အတည် ဖေါ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မြို့ရော တောပါ မကျန် မဟာ ဓါတ်အားလိုင်းများမှ တဆင့် ၂၄ နာရီ လျှပ်စစ်မီးများ ဖြန့်ဖြူးပေးနေသော်လည်း တစ်နေ့ တစ်ခြား တိုးပွားလာသော လူဦးရေနှင့် စက်ရုံ အလုပ်ရုံများကြောင့် လျှပ်စစ်မီးများ ပုံမှန် မဖြန့်ဖြူးနိုင်ဘဲ ဖြစ်နေသည်။

သို့အတွက်ကြောင့် လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် မြန်မာမှ လျှပ်စစ် ဓါတ်အားများ ၀ယ်ယူတင်သွင်းရန် ကြိုးပမ်းနေသလို တစ်ခြားတဘက်တွင်လည်း ရုရှား ပူးပေါင်းပြီး နျူကလီးယား ဓါတ်အားပေး စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင်း နိရဉ္စရာမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment