ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 05, 2012

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ဇွန်လ ၉ ရက်နေ့ တွင်ထုတ်ပြန်မည်



From : 7Days News


၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
` တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ (ဇွန်လ) ၉ ရက်တွင် ထုတ်ပြန်မယ်လို့သိရပါတယ်´ဟု ၄င်းကဆိုသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယခုလ ၃ ရက်တွင် ထုတ်ပြန်ကြေညာမည့်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း တစ်ပတ်နောက်ကျ၍ ဇွန်လ ၉ ရက်တွင် အောင်စာရင်းထုတ်ပြန်မည့်အခြေအနေရှိသည်။
ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အောင်ချက်မှာ ၃၅ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၄င်းပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၃၆ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၄၄ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှသိရသည်။

No comments:

Post a Comment