ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခု ကမ်းလှမ်း



From : ခေတ်လူငယ်

လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် သက်ဆိုင်ရာနှင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ထားသော နိုင်ငံတကာ လေကြောင်းလိုင်း ခုနစ်လိုင်းအထိ ရှိကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံအခြေစိုက် ANA၊ ကာတာနိုင်ငံအခြေစိုက် Qatar ၊ ဂျာမနီအခြေစိုက် Condor ၊ ကိုရီးယားလေကြောင်း၊ ဟောင်ကောင် အခြေစိုက် PIA လေကြောင်း၊ ထိုင်ဝမ်အခြေစိုက် EVA လေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Biman လေကြောင်းလိုင်းများ ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ “အများစုကတော့ ပျံဖြစ်မှာပါ။ မန္တလေးကို ပျံဖို့ တရားဝင် လျှောက်ထားတာတော့ Air Asia လေကြောင်းလိုင်း တစ်ခုပဲ ရှိသေးတယ်။ ဒါကိုလည်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ ထို့အပြင် မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းလိုသော လေကြောင်းလိုင်းများ အားလုံးကိုလည်း ဖိတ်ခေါ်ကြောင်းနှင့် ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။ လက်ရှိ စီစဉ်နေသော လေကြောင်းလိုင်း ၆ လိုင်းမှ ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ ၁ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး Condor လေကြောင်းလိုင်းမှာလည်း အောက်တိုဘာလတွင် စတင်ပျံသန်းမည် ဖြစ်သည်ဟု သတင်းရရှိသည်။ ရန်ကုန်လေဆိပ်သို့ ဝင်ထွက်သွားလာနေသော ဧည့်သည်ဦးရေမှာ ဇွန်လကုန်ထိ တစ်သန်းခွဲခန့်ရှိပြီး ယခုနှစ်တွင် သုံးသန်းခန့် ဝင်ထွက်သွားလာနိုင်ကြောင်းနှင့် ထိုပမာဏမှာ ရန်ကုန်လေဆိပ်၏ လက်ခံနိုင်သော ပမာဏထက် ကျော်လွန်နေကြောင်း ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ လက်ရှိတွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း ၆ လိုင်း၊ နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်း ပျံသန်းပေးနေပြီး ၂၀၁၁ ခုနှစ်က ခရီးသည် ၂ ဒသမ ၄ သန်း ဝင်ထွက်သွားလာခဲ့သည် ဟု သတင်းရရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment