ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 10, 2012

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မြစ်သားမှာ ပြုလုပ်

၈၈မျိုးဆက်ကျောင်းသားများသည် ယမန်နေ့ (သြဂုတ်လ၊ ၉) ရက်၊ ညနေ ၄း၃၀ နာရီက စစ်ကိုင်းမြို့ စူဠာမဏိေ ကာင်းမှုတော်ဘုရား သို့ ရောက်ရှိခဲ့ကြပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ က စစ်ကိုင်းမြို့တွင် ကျဆုံးသွားခဲ့ကြသူများအတွက် ၂၄ နှစ်မြောက် ၀တ်ပြုဆုတောင်းပွဲကို စစ်ကိုင်းမြို့သူ မြို့သားများနှင့်အတူ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ယမန်နေ့ (သြဂုတ်လ၊ ၉) ရက်၊ မွန်းလွဲ ၂း၀၀ နာရီက မြစ်သားမြို့မှ ထွက်ခွာ လာခဲ့ကြသော မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ ည ၁၁း၃၀ တွင် မုံရွာမြို့သို့ ချောမောစွာရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိလျှင် ရောက်ရှိချင်း လမ်းတစ်လျောက် ၀ိုင်းဝန်းကြိုဆိုကြသော မြို့ခံပြည်သူများကို မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ရာပြည့်ခန်းမတွင် မင်းကိုနိုင်က မိတ်ဆက်စကားပြောကြားခဲ့ကြသည်။
From -၈၈ မျိုဆးက်ကျောင်းသားများ Facebook

No comments:

Post a Comment