ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 10, 2012

ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေ အနေဆက် သွယ်မေးမြန်းချက် RFA Burmese

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ထုတ်ပြန်လိုက်ပြီး အသိုင်းအ၀ိုင်းနှစ်ဘက်ကြား ပဋိပက္ခအခြေအနေတွေကို ဆက်မဖြစ်နိုင်အောင် စစ်တပ်ကနေ ထိန်းချုပ်ထားတယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ မီးရှို့ခံရတဲ့ ရွာတွေက ဒုက္ခသည်တွေအတွက်လည်း စစ်တပ်အကူအညီနဲ့ သွားရောက်ပြီး ထမင်းထုတ်တွေပေးဝေခဲ့ရတယ်လို့ဆိုပါတယ်။
မီးရှို့ခံရတဲ့ မွတ်စလင်အများစုနေထိုင်တဲ့ရွာတွေမှာ သေဆုံးသူစုစုပေါင်း ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် ကျောက်တော်ဆေးရုံကို သေဆုံးသူစာရင်းနဲ့ပတ်သက်လို့ အာအက်ဖ်အေက တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ
ဖုန်းကိုင်တဲ့ ဆေးရုံဝန်ထမ်းက ဖြေဆိုခွင့်မရှိဆိုပြီး ဖုန်းချသွားပါတယ်။
ရခိုင်ပြည်နယ်တွင်းဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရရှိတဲ့ သတင်းအချက်အလက်တချို့မှားယွင်းနေတဲ့အပေါ်မှာ အထင်အမြင်လွှဲမှားတာတွေဖြစ်ပေါ်လာမှာကို စိုးရိမ်မကင်းဖြစ်မိပြီး မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်မြောက်ရေး ဒေသခံတွေကလိုလားနေကြပါတယ်။
ရခိုင်ပြည်နယ်တွင်း အသိုင်းအ၀ိုင်းနှစ်ခုကြားပဋိပက္ခတွေ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ နှစ်ဘက်ခေါင်းဆောင်တွေအပါအ၀င် အုပ်ချုပ်ရေးအာဏာပိုင်တွေဘက်က မှန်မှန်ကန်ကန်ထိထိရောက် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးလှစောကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံကိုရောက်နေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်ကအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းလေ့လာတာဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို အချက်အလက်တွေ မှန်မှန်ကန်ကန်တင်ပြနိုင်လိမ့်မယ်လို့အများကမျှော်လင့်နေကြပါတယ်။
အကြောင်းစုံကိုမအင်ကြင်းနိုင်ကတင်ပြထားပါတယ်

No comments:

Post a Comment