ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 10, 2012

'' UNESCO က မြန်မာမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကူညီမည်'

UNESCO ညွှန်ကြားရေးမှူးချုပ် မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် စီစဉ်ဆောင်ရွက် ကူညီပေးသွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။ထို့အပြင် သူမက UNESCO အနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းရေးအတွက် ဆက်လက် တိုးမြှင့်ကူညီ သွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံရောက်ရှိခိုက် သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အရပ်ဖက် အဖွဲ့အစည်းများပါ တွေ့ဆုံခဲ့ပြီး၊ ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။



ref:popular

No comments:

Post a Comment