ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 10, 2012

ရွှေပြည်သာတွင် ရေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး စခန်းဖွင့်

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် သတင်းဖော်ပြထားသည်။

ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာ မြို့နယ် အတွင်းရှိ (ဒ/၁၇) ရပ်ကွက်တွင် မိုးရွာသွန်း မှုကြောင့် ရေအမြင့် သုံးပေမှ ငါးပေခန့် အထိ ရေကြီးမှု ဖြစ်ပွားရာ နေအိမ် ၁၀၁ လုံးမှ အိမ်ထောင်စု ၁၀၁ စုရှိ ကျား ၂၂၄ ဦး၊ မ၂၂၄ ဦးတို့ အပါအဝင် စုစုပေါင်း ၄၄၈ ဦးအား ရွှေပြည်သာမြို့နယ် မီးသတ် တပ်ဖွဲ့ စခန်းမှ သန္ဓေ တပ်ဖွဲ့ဝင် ငါးဦးနှင့် အရန်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က ကူညီ စောင့်ရှောက် ကာ အဆိုပါ ရွှေပြည် သာ မြို့နယ် (ဒ/၁၇) ရပ်ကွက် အပိုင်း(၃) မှော်ဘီလမ်း၌ ရှိသော အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိ ထားကြောင်း၊ ဩဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် အဆိုပါ (ဒ/၁၇) ရပ်ကွက် အတွင်း၌ပင် ရေအမြင့် သုံးပေမှ ငါးပေခန့် အထိ ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေ ၇၅ လုံးမှ အိမ်ထောင်စု ၇၈ စု၊ ကျား ၁၆၁ ဦး၊ မ၁၅၉ ဦးတို့အား အမှတ် (၃) အခြေခံ ပညာ အလယ်တန်း ကျောင်းခွဲ၌ ကယ်ဆယ်ရေး စခန်းတွင် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ တို့မှ လိုအပ်သည့် စောင့်ရှောက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ယခုအထိ အဆိုပါ မြို့နယ်၌ စောင့်ရှောက် ကူညီခဲ့သူများမှာ အိမ်ထောင်စု ၂၀၀၊ ကျား ၄၃၅ ဦး၊ မ ၄၄၉ ဦးတို့ အပါအဝင် စုစုပေါင်း ၈၈၄ ဦးဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားချက် အရ သိရသည်။


သတင်း
The Voice Weekly

No comments:

Post a Comment