ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 19, 2012

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစု တွေ့ ဆုံဆွေးနွေး


မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ မှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ က ၀ါရှင်တန်ဒီစီ ရှိ မြန်မာမိသားစုများနဲ့ တွေ့ ဆုံခဲ့ပါတယ်။
ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။
မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။
ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။
ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို ပြောပါတယ်။
ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။ 
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုကို ရှင်းလင်းပြောဆိုသွားပါတယ်။

from - သစ်ထူးလွင်

No comments:

Post a Comment