ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, April 28, 2012

နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားအမှန်ကို သိမြင်၍ တောတွင်း လက်နက်ကိုင် အဖွဲ့များ အလင်းဝင်ရောက်



From : ခေတ်လူငယ်


နိုင်ငံတော်အစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တစိုက်မတ်မတ် ထိထိရောက်ရောက် တိုက်ဖျက် နှိမ်နင်းလျက်ရှိပါသည်။ တာချီလိတ်နယ်မြေအတွင်း မူးယစ်ဆေးဝါးကင်စင်ရေးအတွက် တစ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းလျက် သတင်းဖော်ထုတ် ပိတ်ဆို့ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မူးယစ်တရားခံပြေး စိုင်းနော်ခမ်းအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထိတွေ့မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ စိုင်းနော်ခမ်းအဖွဲ့ အနေဖြင့် အဖွဲ့ငယ်များ ခွဲ့၍ ထွက်ပြေးလျက်ရှိရာမှ ၂၀၁၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် အိုက်ထွန်းခေါင်းဆောင်သော အင်အားရှစ်ဦးသည် လက်နက်မျိုးစုံ ၅ လက်၊ ကျည်မျိုးစုံ ၁၆၃ တောင့်၊ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးတို့ နှင့်အတူ တာချီလိတ်နယ်မြေ မိမိတပ်မတော်တပ်စခန်းသို့ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ပါသည်။ အဆိုပါ အဖွဲ့အား တပ်မတော်မှ ၎င်းတို့မိသားစု ဘဝလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 

No comments:

Post a Comment