ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, April 28, 2012

ကေအိုင်အေ(ကချင်) အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ကချင်ပြည်နယ် အတွင်းရှိ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလျက်ရှိ


၂၆ ရက်နေ့ မနက်က KIA တို့ထောင်ထားတဲ့ မိုင်းနင်းမိတဲ့ ကချင်ကလေးမ


နိုင်ငံတော်အစိုးရအဆက်ဆက်သည် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပြီး အများပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရန်အတွက် လမ်း/တံတားများအား ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ၍ ဖောက်လုပ်ပေးလျက်ရှိသော်လည်း ကေအိုင်အေ(ကချင်) အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ကချင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်သွားလာမှု နှောင့်နှေးခက်ခဲစေရန် ရည်ရွယ်၍ စစ်ရေးနှင့် မပတ်သက်သည့် ပစ်မှတ်များဖြစ်သော လမ်း/တံတားများအား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စဉ်ဆက်မပြတ် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလျက်ရှိရာ ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက် အထိ ပေ ၁၈၀ အထက်တံတား ၁၄ စင်း၊ ပေ ၁၈၀ အောက်တံတား ၈၁ စင်းတို့အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ဧပြီ ၂၁ ရက်တွင်လည်း မြစ်ကြီးနား-ပူတာအို ကားလမ်း ဆွမ်ပီယန်ကျေးရွာအနီး ပေ ၇၀ အရှည်ရှိ သံပေါင်ဘေလီတံတားအား ၀၀း၃၀ နာရီတွင် မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့၍ တံတား ကြမ်းခင်းများ ပျက်စီးခံ့သည်။ အလားတူ ဧပြီ ၂၄ ရက်ကလည်း မြစ်ကြီးနား-ဝါရှောင်-ချီဖွေ ကားလမ်း ဆင်နီကူးနှင့် မလိယန် အကြားနန့်မလိ ချောင်းကူး အရှည်ပေ ၁၅၀ ရှိ သံပေါင်ဘေလီတံတားအား ၀၂း၅၀ နာရီတွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ တံတားတစ်စင်းလုံး ကျိုးကျပျက်စီးခဲ့ပြီး နေ့စဉ်သွား ယာဉ်ကြီး/ယာဉ်ငယ်များ ရှောင်ကွင်းလမ်းမှ ခက်ခဲစွာနှင့် အချိန်ကြာမြင့်စွာ သွားလာနေရကြောင်း သတင်းရရှိသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် တံတားများအား နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment