ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, April 28, 2012

Economic Investment & Possibility of Lifting Sanction-စီးပွားရေးဒဏ်ခတ်မှုတွေ ရုတ်သိမ်းခဲ့လျင်---ရင်းနှီးမြှုပ်နံမှုတွေ ပိုဝင်


From : UDP

Economic Investment & Possibility of Lifting Sanction on Myanmar????

စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ဒဏ်ခတ်ပိတ်ဆို.အရေးယူမှုတွေ ရုပ်သိမ်းတော့မည့် အခြေအနေ

မြန်မာပြည်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေနဲ.အညီ ရွစိရွစိဖြစ်လာနေတဲ့အရာကတော့ စီးပွားရေးရင်းနှီးမြှုပ်နံမှုတွေနဲ. Sanctions တွေ ရုပ်သိမ်းတော့မှာလား စဉ်းစားချက်တွေပါ။

ဒါတွေဟာ တခုနဲ.တခု ဆက်စပ်နေတာမို. လက်ဦးမှု ရရှိနိုင်ဖို.အတွက် နိင်ငံခြားလုပ်ငန်းရှင် တွေအကြား စိတ်ဝင်စား စိတ်လှုပ်ရှားနေတဲ့အရာတွေလဲ ဖြစ်ပါသည်။

မြန်မာပြည်မှာ များသောအားဖြင့် အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း ကိုးရီယား စင်္ကာပူနဲ. တရုတ် နိုင်ငံတွေ၏ ကုမ္မဏီတွေက အများအပြား လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ များခဲ့တာမှန် သော်လဲ အခုအခါ ဂျပန်နဲ. ဗီယက်နမ်တွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ စိမ်.၀င်လာ နေပါပြီ။

အမေရိကန်နှင့် အနောက်နိုင်ငံတွေ၏ စီးပွားရေး ပိတ်ဆို.မှု Sanctions တွေ ပြန်ရုပ်သိမ်းသွား တော့မှာလားဆိုတဲ့ စဉ်းစားချက်တွေ အဲဒီလိုမျိုးဖြစ်နိုင်ခြေတွေလဲ ပေါ်လာနေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ. ရင်းနှီးမြှုပ်နှံသူတွေ-Investors အနေဖြင့် စဉ်းစား တွက်ချက် နေရပါပြီ။

မြန်မာပြည်မှာ သူများထက် ဦးအောင် ၀င်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ Pioneers ဖြစ်အောင် လုပ်ဖို. လိုတဲ့ စဉ်းစားချက်က တဖက်ဖြစ်ပြီး နောက်တဖက်ကျတော့ လက်ရှိ မြန်မာပြည်က တရားရေး စနစ်နဲ. ငွေကြေးစနစ်တွေ၏ ခိုင်မာမှု တိကျမှု ရှင်းရှင်းလင်းလင်းမရှိမှု စတဲ့ အားနည်ချက်တွေ ကြောင့်လဲ ကိုယ့်၏ ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေအတွက် အာမခံချက် ရှိပါမလား အန္တရာယ်များ-Risk Factor တွေကလဲ နိုင်ငံခြားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေ ချိန်ဆနေ ရ ခေါင်းကိုက်စရာ တွေးစရာ ဖြစ်ပါသည်။

အဲဒီစိုးရိမ်ချက်တွေကို ကြောက်ပြီး လက်တုန်.နေမယ် နောက်ကျနေမယ်ဆိုရင် တကယ်လို. စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်လို. ဗြုန်းကနဲနဲ. အင်နဲ.အားနဲ. သိမ်းကျုံးပြီး အနောက်နိုင်ငံတွေက ကုမ္မဏီတွေဝင်လာပြီး လက်ဦးသွားခဲ့ရင်ဆိုတဲ့ စဉ်းစာချက်ကလဲ အထူး သဖြင့် ဒေသတွင်း အာရှနိုင်ငံက ကုမ္မဏီတွေအတွက် အိပ်မပျော်နိုင်တဲ့ ဖိအားပေး Pressure တွေဖြစ်နေပါတယ်။ “Big IF” ကြီးမားတဲ့ အကယ်၍ ဆိုတဲ့ စဉ်းစားမှုတွေပါ။

မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေမှာလဲ နိုင်ငံအလိုက် ဒေသအလိုက် ကွဲလွဲမှုတွေ ရှိပါသည်။ တရုတ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံတွေဟာ မိုင်းနဲ. သဘာဝအရင်းအမြစ်တွေ Natrual Resources & Mine Development တွေမှာ ပိုပြီး စိတ်ဝင်စားမှု ရှိနေပြီး ထိုင်းတို. မလေးရှားနဲ. စင်္ကာပူတို.ကတော့ ကုန်ထုတ်လုပ်ရေး Manufacturing and Production အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုး လုပ်လာနိုင်ပါသည်။ ဂျပန်နဲ. တောင်ကိုးရီးယားတို ဆိုရင် Food & Beverage-စားသုံးကုန်ထုတ်လုပ်ရေးနဲ. စိုက်ပျိုးရေးကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပိုလုပ်ချင်တဲ့ သဘော တွေ.ရပါသည်။ အိန္ဒိယနဲ. ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုမ္မဏီ တွေကတော့ စိုက်ပျိုးရေး၊ မြေယာဖွံ.ဖြိုးရေး Agriculture and Land Development တွေမှာ သူတို.၏ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ချင်တဲ့ ဆန္ဓတွေ ရှိပါသည်။

အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေကတော့ Manufacturing, Production and Resource Development တွေမှာ ထက်စာရင် သူတို.နိုင်ငံတွေ၏ အာသားချက်ဖြစ်တဲ့ Banking, Financial Service Technology Communication & IT စတဲ့ နည်းပညာနဲ. ၀န်ဆောင်မှုလုပ်ငန်းတွေ ဘဏ် လုပ်ငန်းနှင့် ငွေကြေးစနစ် အာမခံလုပ်ငန်းတွေမှာ အကယ်၍ မြန်မာပြည်ကိုလာပြီး ရင်းနှီးမြှုပ် နှံမယ်ဆိုရင် ပိုပြီး အာရုံစိုက်မယ် ထင်ပါသည်။ သူတို.နိုင်ငံ တွေမှာ အလုပ်လက်မဲ့များနေလို. ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ၀င်လာဖို. နည်းပြီး ထိုင်း တို. တရုတ်နိုင်ငံတွေကတော့ ကုန်ကျ စရိတ် သက်သာမည့် မြန်မာပြည်ကို သူတို.၏ ကုန် ထုတ်လုပ်မှုတွေ Manufacturing and Production/ Assembly Line တွေ ရွှေ.ပြောင်းနိုင်ပါသည်။

အနောက်အုပ်စုတွေကတော့ မြန်မာပြည်၏ နိုင်ငံရေး စီးပွားရေးနဲ. အခြေခံအဆောက်အဦး တွေအပေါ် ဒီလောက်အထိ ယုံကြည်မှု မရှိသေးတော့ ၀န်ဆောင်မှုလို နည်းပညာလို ရွှေ. ပြောင်းလွယ်တဲ့ လုပ်ငန်းတွေမှာ ၀င်လာပြီး လုပ်နိုင်ပါတယ်။ ထုနဲ ထည်နဲ. ရင်းနှီး မ တည် ငွေတွေ ထားရမည့် စက်ရုံ အလုပ်ရုံလို ကုန်ထုတ်လုပ်မှုတွေမှာ ၀င်ပြီး ရင်းနှီးမြှု့ပ်နှံမှုတွေ လုပ်လာမယ်လို. ယူဆဖို. ခက်ပါသေးသည်။

နိုင်ငံခြား လုပ်ငန်းရှင်တွေအတွက် အဓိက စိမ်ခေါ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး Rule of Law and Judiciary System တွေမှာ အခြေခံကနေ ပြုပြင်ပြောင်းလဲဖို. လိုနေသလို Banking System and Financial Institutions တွေ ခိုင်မာလာအောင် အာမခံချက်တွေ ရှိလာအောင် ပြုပြင်ပြောင်းလဲဖို.လိုပါသည်။ ဒီအချက်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သူတို.၏ ငွေတွေ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်လောက်အထိ အာမခံချက်ရှိမလဲ ဘယ်လောက်အထိ တာဝန်ခံနိုင်မလဲ ယုံကြည်စိတ်ချရမလဲဆိုတဲ့ အဓိက စိုးရိမ်ချက် ပူပင်သောကတွေပါ။ Income Tax, Import & Export Regulations တွေလဲ ဒီထက် ရှင်းအောင် လက်တွေ. ကျအောင် ပြုပြင်ဖို.လိုပါသည်။

အချုပ်ပြောရရင် မြန်မာပြည်သူတွေကိုယ်တိုင်က မြန်မာပြည်က ဘဏ်လုပ်ငန်းနှင့် ငွေကြေး ဆိုင်ရာလုပ်ငန်းတွေမှာ ယုံကြည်မှု Confidence ရှိအောင် မွေးမြူရမယ်။ လုပ်ယူရမယ်။ အဲဒီ အချက် ဥပဒေတွေနဲ. တိတိကျကျ အာမခံချက်တွေ တာဝန်ခံမှုတွေ ပေးဖို. လိုပါသေးတယ်။ ငါတို.ငွေတွေ ထည့်လိုက်ပြီး အမြတ်ရောအရင်းပါ ဘယ်လိုနည်းဖြင့် ပြန်ထုတ်ယူလို. ရနိုင်မလဲ ဆိုတာ နိုင်ငံခြား ရင်းနှီးမြှု့ပ်နှံသူတွေ အရင်းဆုံးမေးတတ်တဲ့အရာတွေပါ။

တချိန်တည်မှာ Investor Relations, Business Communiations အပိုင်းတွေမှာလဲ ကျွမ်းကျင်တဲ့ပညာရှင်တွေ- Well Trained Skillful Professionals တွေ အများကြီး လိုနေ သေးပါသည်။ လူစွမ်းအားအရင်းအမြစ်တွေ- Human Resources တွေ လုံလောက်မှာသာ နိုင်ငံတကာအနေဖြင့် Reliable ရှိတယ်လို. ယုံကြည်စိတ်ချစွာဖြင့် လက်တွေ.ကျကျ သူတို. အိတ်ကပ်တွေ ဖွင့်လာမယ် ငွေတွေ ထုတ်လာမည်သာ ဖြစ်ပါသည်။ မဟုတ်ရင်တော့ အနောက်နိုင်ငံတွေ ၀င်လာရင် ငါတို.တော့ နောက်ကျကုန်မယ် ပြိုင်ဆိုင်ဖို. အတော် ခက်မယ် လို. စိတ်ပူနေတဲ့ အာရှနိုင်ငံတွေက ကုမ္မဏီတွေကိုယ်တိုင် ငွေထုပ်ကိုင်ပြီး ထိုင်မရ ထမရ ဖြစ် နေသော်လည်း ၀င်လာမည့် အရင်းအနှီးတွေက နည်းနေဦးမည်ပါ။ သူတို. ငွေတွေကို လုံးလုံး လျားလျား စိတ်မချနိုင်သေးတာ ရှိနေလိုပါ။

ရေနံ။ သဘာဝဓာတ်ငွေ.၊ စွမ်းအင်နဲ. လျှပ်စစ်၊ လမ်း တံတား အပါအ၀င် အခြေခံ အဆောက် အဦး Basic Infrastructures နဲ.ဆိုင်တဲ့ ဆက်သွယ်ရေးနည်းပညာနဲ.ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ နိုင်ငံတော်အစိုးရက တိုင်းပြည်၏ အမျိုးသားလုံခြုံရေးနဲ. အကျိုးစီးပွား National Security, National Interests ကို ချိန်ဆပြီး မျှတအောင် balance လုပ်ပြီး ထိန်းညှိပြီး ခွဲချပေးမည် ထင်ပါသည်။ ဒီတော့ နိုင်ငံတခုတည်းကို လက်ဝါးကြီး လုပ်ပိုင်ခွင့် ပေးမည် မတင်ပါ။ ။။ ။။

ဒီအချက်တွေဟာ လက်ရှိ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းတွေနဲ. Sanctions တွေ ရုပ်သိမ်းသွားခဲ့ရင်ဆိုတဲ့ အတွေးတွေနောက်မှာ ဖြစ်ပေါ်နေတဲ့ စဉ်းစားမှု လုပ်ဆောင်မှု ပြင်ဆင်မှုတွေပါ။ အနောက်နိုင်ငံတွေက ကုမ္မဏီတွေ လာပြီး ၀င်ဦးသွားမှာကို ဒေသခံ အာရှ နိုင်ငံက ကုမ္မဏီတွေက စိတ်ပူနေကျရင်--- အိမ်ရှင် ကာယကရှင်တွေကရော----

ကိုယ်တိုင်းပြည် ကိုယ့်အနာဂတ် စီးပွားရေး ဖွံ.ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုနဲ. Monopoly and Pioneers ဖြစ်အောင် Stakeholders တွေအနေဖြင့် ကိုယ့်တိုင်းပြည်၏ အရင်းအမြစ်နဲ. စီးပွားရေး ရေခံမြေခံနဲ. အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန် ပွင့်လင်းလာတဲ့အပေါ် လက် တွေ.ကျကျ အကျိုးခံစားခွင့်တွေ ကိုယ်မိသားစုတွေထဲ ရောက်ရှိလာအောင် အခု ဘာတွေ လုပ်နေကြပြီလဲ။။။ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။ သူများ လာလုပ်တာကိုပဲ လက်ပိုက်ပြီး ဘေးကနေ စောင့်ကြည့်ရမည့် အဆင့်မှာပဲ ရပ်နေရစ်မှာလား--- စဉ်းစားဆင်ခြင်ရမည် ဖြစ်ပါသည်။

No comments:

Post a Comment