KIA တပ်များသည်
ကချင်ပြည်နယ်လွတ်လပ်ရေးကို အကြောင်းပြပြီး ကချင်ပြည်နယ်အတွင်းတွင်
အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါတယ်။ လူစည်ကားရာ
မြို့များတွင် ပြည်သူများ ထိခိုက်သေဆုံးစေရန် မိုင်းခွဲခြင်း၊
အတင်းအဓ္ဓမလူသစ်စုခြင်း၊ အများပြည်သူ သွားလာရာ လမ်းများတွင်
မိုင်းထောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသော အကြမ်း ဖက်လုပ်ရပ်များကို
အဆက်မပြတ် လုပ်ဆောင်နေ ကြပါတယ်။

ဒေသအတွင်း
အစိုးရတပ်များ မလာနိုင်အောင်ဆိုသော အကြောင်းပြချက်ဖြင့်
ပြည်သူများသွားလာနေသော တံတားများကို ဖျက်ဆီးနေကြသည်မှာ ၂၀၁၁ ဇွန်လမှ
ယနေ့အထိ တံတားအစင်းပေါင်း ၁၁၅ စင်း အားဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။
ကချင်လူမျိုးများနေထိုင်ရာ မြစ်ကြီးနား မြို့တွင်လည်း
မိုင်းထောင်ဖောက်ခွဲမှု ကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အစိုးရနှင့်တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ယနေ့အထိ မိုင်းဖောက်ခွဲမှု ၇၁
ကြိမ်၊ လူသစ်စုဆောင်းမှုအနေဖြင့် ၈၈၂ ယောက်ကိုစုဆောင်းခဲ့ပါတယ်။
လူသစ်စုဆောင်းရာတွင် အရွယ်မရောက်သေးသော ကလေးငယ်များ အားလည်း အတင်းအဓ္ဓမ
လူသစ် စုဆောင်းပြီး လက်နက်ကိုင်တိုက်ပွဲစေခဲ့ပါတယ်။ တိုင်းရင်းသားများ
စီးပွားရေးလုပ်ကိုင်နေသော ရွှေမှော်များအတွင်း ဆက်ကြေး ကောက်ခံခြင်း၊
လမ်းသွား လမ်းလာများမှ လည်း ဆက်ကြေး ကောက်ခံခြင်းများကို လည်း အရှိန်မြှင့်
ဆောင်ရွက်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း
လူမျိုးကြီးဝါဒကို အကောင် အထည်ဖော်ကာ ဂျိန်းဖောလူမျိုးမှ အပ
ကျန်လူမျိုးများ နေထိုင်ရာ ကျေးရွာများကိုလည်း ရွာလုံးကျွတ်သတ်ဖြတ်
မီးရှို့ခဲ့ပါတယ်။ ခရမ်းထီးခမ်းရွာ ဖျက်ဆီးမှုတွင် လချိတ်လူမျိုး ၁၀၀
ကျော်သေဆုံးခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ KIA
တပ်များအတွင်းမှာလည်း ဂျိန်းဖောလူမျိုးမှ အပ ကျန်လူမျိုးများကို
နှိပ်စက်ခြင်း၊ ရှမ်းလူမျိုးများကို အသေခံတိုက်ခိုင်းခြင်း၊ ရှမ်းလူမျိုး
မိန်းကလေးငယ်များကို မုဒိန်းကျင့် စတဲ့ လူမျိုးရေး ခွဲခြားမှုများကြောင့်
KIA တပ်များမှ ရှမ်းတိုင်းရင်းသားများမှာ အစိုးရထံ အဆက်မပြတ် အလင်းဝင်လျက်
ရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဒီလို
အကြမ်းဖက်လုပ်ရပ်များကို ခွင့်လွှတ်နားလည်ပေးပြီး ကချင်တိုင်းရင်းသား
ခေါင်းဆောင်များထံ ငြိမ်းချမ်းရေးကမ်းလှမ်းကာ ဆွေးနွေးခဲ့သည်မှာ
အလွတ်သဘောဖြင့် ၁ ကြိမ်၊ ပြည်နယ်အဆင့် ၃ ကြိမ်၊ ပြည်ထောင်စုအစိုးရအဆင့် ၃
ကြိမ်၊ စုစုပေါင်း ၇ ကြိမ်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်
အကြိမ်ပေါင်းမြောက်များစွာ အစိုးရမှ ငြိမ်းချမ်းရေးကို
ရှေးရှုပြီးလိုက်လျောခဲ့ပေမယ့် မဖြစ်နိုင်သော ပြည်ထောင်စုပြိုကွဲမည့်
တောင်းဆိုချက်များကို တောင်းဆိုကာ ငြိမ်းချမ်းရေးကို လစ်လျူရှုခဲ့ပါတယ်။

ဧပြီလ
၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ပန်ဝါဒေသရှိ နယ်ခြားစောင့်တပ် အမှတ် (၁၀၀၂)ကို
အင်းအားမမျှတစွာ အတင်းအဓ္ဓမ လက်နက်ကြီးပစ်ခတ်ကာ ကျူးကျော်သိမ်းပိုက်ရန်
ကြိုးစားလျက်ရှိပါတယ်။ ဧပြီလ ၂၇ ၇က်နေ့ နံနက် ၃ နာရီခန့်က KIA
ဗဟိုဌာနချုပ်မှ ခေါင်လွမ်ဦးစီး အင်အား ၂၀၀ ခန့်ဖြင့် အမှတ် (၁၀၀၂)
နယ်ခြားစောင့်တပ်ရဲ့ ရှေ့တန်းကင်းနေရာဖြစ်သော ရှဖုတ်ကို
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ လူ၂၀ ခန့်ကျဆုံးပြီး၊ ၁၅ ဦးခန့်
ဒဏ်ရာရခဲ့ကာ ဆုတ်ခွာသွားခဲ့သည်။ ၄င်းနောက် ခစတ (၁၀၀၂) ဌာနချုပ်နှင့်
ပန်ဝါမြို့နယ်အား ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။ ခစတ (၁၀၀၂)
အားတိုက်ခိုက်သည့်အပြင်၊ စင်ကြိုင်ရှိ ခစတ (၁၀၀၃) ကိုလည်း KIA တပ်မဟာ ၁ မှ
အင်အား ၁၅၀ ဦးခန့်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် ဘွန်ဆင်စခန်းမှ
လှုပ်ရှားအဖွဲ့နှင့် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ယခုကဲ့သို့ KIA
အကြမ်းဖက် သောင်းကျန်းသူများ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့်
ပန်ဝါနှင့် ကန်ပိုက်တီးမှ ရွာသား( ၃၀၀၀ )ခန့် သည် တစ်ဖက်
တရုတ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်။
KIA
တပ်များအတွင်းတွင်လည်း ငြိမ်းချမ်းရေးကို လိုလားသော အခြားကချင်
တိုင်းရင်းသားများ ရှိသော်လည်း ခေါင်းဆောင် များမှာ ဂျိန်းဖောလူမျိုးများ
ဖြစ်နေသောကြောင့် ငြိမ်းချမ်းရေး ရယူရန် အခက်တွေ့နေကြပါသည်။
၎င်းအပြင်ထွက်ပြေးသော တပ်သားများကိုလည်း လိုက်လံ သတ်ဖြတ်ခြင်း၊
ထွက်ပြေးသူများဖမ်းမမိပါက မိသားစုများအား သတ်ဖြတ်ခြင်းတို့ကြောင့် အလင်းဝင်
လိုသော်လည်း မိသားစုအရေး ငဲ့ညှာနေကြောင်း သိရပါသည်။
KIA
အကြမ်းဖက်သောင်းကျန်းသူများသည် အစိုးရ၏
ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကို လစ်လျူရှုခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ
ပြည်သူများကို နှိပ်စက်ခြင်း၊ မိုင်းထောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးများ မတရား
တောင်းခံခြင်း၊ အရွယ်မရောက်သေးသူများ အပါအ၀င် အတင်းအဓ္ဓမလူသစ်စုခြင်းနှင့်
အရွယ်ကောင်း အမျိုးသမီးများအား လူမဆန်စွာ မုဒိန်းကျင့်
သတ်ဖြတ်ခြင်းများကြောင့် ဒေသများမှ KIA အဖွဲ့အား ကြောက်ရွံ့ ထိတ်လန့်
ရွံ့ရှာနေကြောင်း ကချင်ပြည်သူများမှ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment