ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 25, 2012

ပိတ်ဆို.ဒဏ်ခတ်အရေးယူရမည်ဟု အော်ပြီး မြန်မာပြည်ထဲ အရင်ဆုံး ၀င်လာသူတွေကတော့ မြန်မာ့အရေးလုပ်တဲ့ နိုင်ငံခြားသား အဖွဲ.တွေပါ။






 ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ.တွေနဲ. မြန်မာ့အရေး လုပ်နေတဲ့ နိုင်ငံခြားအဖွဲ.အစည်း တွေ အစိုးရတွေ NGOs & Donor အဖွဲ.ဆိုသူတွေအကြား လုပ်ပုံ မတူတာတွေ ရှိပါသည်။
၂၀၀၈ ဖွဲ.စည်းပုံကို ပြင်ဆင်ဖို. အော်ရင်း တကယ်တမ်း ဖွဲ.စည်းပုံတွေ လုပ်ငန်းစဉ်တွေ ပြင်နေ ရတာက ပြည်ပ အဖွဲ.တွေ ဖြစ်ပါသည်။ ထို.အတူပဲ ဒဏ်ခတ်ပိတ်ဆို.ဖို. အရေးယူဖို. အထီးကျန်ထား ၀ိုင်းပယ်ဖို. နိုင်ငံခြားသား အဖွဲ.အစည်းတွေ NGOs တွေက မြန်မာ အတိုက်အ ခံအဖွဲ.စည်းတွေကို နောက်ကနေ တိုက်တွန်းနေပေမည့် သူတို.ကိုယ်တိုင်ကတော့ အစိုးရနဲ. Engagement လုပ် ထိတွေ.ဆက်ဆံပြီး အထဲထိ ၀င်ပြီး လုပ်ခွင့်ရအောင် ခြေလှမ်းတွေ ပြင် လာပါသည်။
ဒါကြောင့်လဲ အမေရိကန်အခြေစိုက် NED- National Endowment for Democracy အဖွဲ.က ဒါရိုက်တာတွေ၊ Burma Project-OSI- Open Society Institute အဖွဲ.က ပရိုဂရမ် အရာရှိ တွေ။ အီတလီ အလုပ်သမားအဖွဲ.က Cicilia တို. အုပ်စုတွေဟာ အစိုးရအဖွဲ.က ဖွင့်လိုက်တာ နဲ. မြန်မာပြည်ထဲကို အရင် ဦးအောင် ၀င်ပြေးသူတွေပါ။ အရင်ကလဲ ထိုင်းနယ်စပ်မှာ လုပ်တဲ့ Shona တို.အုပ်စုဆိုရင်လဲ မြန်မာပြည်ထဲမှာ ပရောဂျက်တွေ လုပ်နိုင်ဖို. မြန်မာပြည်ထဲကို ၀င်လို.ရအောင် လုပ်ခဲ့သူတွေပါ။





ဒီနိင်ငံခြား အဖွဲ.အစည်းတွေဟာ ၈၈ နောက်ပိုင်း ပြည်ပရောက် အတိုက်အခံ အဖွဲ.အစည်း တွေကို ငွေကြေး ကူညီထောက်ပံ့ပေးခဲ့သူတွေ။ သင်တန်းတွေ ညီလာခံတွေ နှီးနှောဖလှယ်ပွဲ တွေကို နာမည် အမျိုးမျိုးဖြင့် ကူညီ ထောက်ပံ့ပေးခဲ့တဲ့အပြင် နိုင်ငံတကာမှာ လုပ်တဲ့ညီလာခံ တွေ နှီးနှောဖလှယ်ပွဲတွေ Conference တွေမှာ ပြောရရင် မြန်မာ အတိုက်အခံ အဖွဲ.အစည်း တွေ ထက်တောင် အဆပေါင်းများစွာ အကြိမ်ပေါင်း များစွာ တက်ခွင့်ရရှိသူ။ သွားရောက်ပြီး မြန်မာ့အရေး အစိုးရ ဆန်.ကျင်ရေး စာတမ်းတွေ ဖတ်ခဲ့သူ။ အစီရင်ခံစာတွေ ထုတ်ဝေ ခဲ့သူပါ။ မြန်မာ့အရေးကို အကြောင်းပြပြီး နိုင်ငံခြားအစိုးရတွေ ၀န်ကြီးတွေ အမတ်တွေ အဖွဲ.အစည်း တွေနဲ.လဲ မြန်မာတွေ ထက်တောင် အတွင်း တံခါးအထိ ၀င်ပြီး ရှေ.တော်ရောက် ခစားခွင့် ရရှိသူတွေပါ။ ပြည်ပ လှုပ်ရှားမှုတွေကို မောင်းနှင် နေတဲ့ driving force or the people behind the wheel လုပ်နေသူတွေဆိုရင်လဲ ပြောလို.ရပါသည်။



ဒါပေမယ့် ဒီအုပ်စုတွေဟာ အခုတော့ လျင်ပါသည်။ မြန်ပါသည်။ ခြေ သွက်ပါသည်။ မြန်မာပြည်ထဲအထိ ရောက်ကုန်ပါပြီ။ မြန်မာ အတိုက်အခံ အဖွဲ.တွေ တိုင်းရင်း သား အဖွဲ.တွေက စောင့်ကြည့်ရဦးမည်။ စိတ် မချရသေးဘူးလို. ပြောနေတုန်း စဉ်းစားနေတုန်း နိုင်ငံခြားသား အဖွဲ.အစည်းတွေက ရန်ကုန်နဲ. နေပြည်တော်ကို ခေါက်တွန်. ခေါက်ပြန် ခရီးဆန်.နေပါသည်။ မြန်မာအစိုးရကို ထိပ်ဆုံးက ဦးဆောင်ပြီး ဝေဖန် ပုတ်ခတ် ရှုံ.ချခဲ့သူ အမေရိကန် အစိုးရဟာ တကယ်တော့ အရင် ဆုံး အဆင့်အမြင့် ဆုံး အစိုးရ ကိုယ်စားလှယ် လွတ်တော့လဲ သူတို.ပဲ အရင်ပါ။ ဒါကြောင့် မတူကွဲ ပြားခြင်းနဲ. ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ၏ ဟောကိန်း မှန်သွားပါသည်။ “ ရွေးကောက်ပွဲ ရလာဒ်အရ တက်လာတဲ့ အစိုးရကို အရင်ဆုံး အသိအမှတ်ပြု ထောက်ခံမည့်သူဟာ အနောက် အုပ်စုထဲကဆိုရင် အမေရိကန်နိုင်ငံဖြစ်မယ်လို. “ ပြောခဲ့ဘူးလို.ပါ။



အီတလီက စီစီလီရာတို.၏ အလုပ်သမား အဖွဲ.ဆိုရင်လဲ ပြည်ပရောက် NCGUB & FTUB ကို အကြီးအကျယ် အားပေး အားမြှောက်လုပ်ခဲ့ပြီး နိုင်ငံတကာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂ ICFTU အဖွဲ.တွေမှာ နေရာ ရရှိလာအောင် ILO ကနေ မြန်မာပြည်ကို အရေးယူတဲ့ ဆုံးဖြတ် ချက်တွေ ရရှိအောင်အထိ သွေးဆောင် စည်းရုံး လုံ.ဆော်ပေးခဲ့ဘူးသူတွေပါ။ အခုတော့ အီတလီ သူလဲ အမေရီကန်တွေလိုပဲ ခေသူမဟုတ်ပဲ ရန်ကုန်အထိ ရောက်ရှိနေပါပြီ။ ဒါကြောင့် မြန်မာ့အရေး လုပ်တဲ့ နိုင်ငံခြားသားတွေ၏ အမြင်တွေ လုပ်ရပ်တွေ ပြောဆိုချက် တွေဟာ သမာရိုးကျ မြန်မာအတိုက်အခံ အဖွဲ.တွေနဲ.ကတော့ ကွာတာ သေခြာပါသည်။ မြန်မာအဖွဲ. တွေကတော့ နိုင်ငံရေးဂုဏ်သိက္ခာ-Political Moral Value တွေကို ရှေ.တမ်းတင် ဆုံးဖြတ် နေသလို လွှမ်းမိုးနေသလို ဖြစ်ပါသည်။
နိုင်ငံခြားသားတွေဟာ လှေနံ ၂ ဖက် စီးသလားလို. တွေးလို.ရနိုင်သည်။ တချိန်တည်းမှာ လျင်သူ အကင်းပါးသူ လာဒ်မြင်သူတွေအဖြစ် သဘောထားပြီး ဟိုဖက် ဒီဖက်နဲ. သူတို.က လမ်းကြောင်း ဖွင့်ထားချင်ပြီး ကြားထဲက ကြားပွဲစားနဲ. စကားပြန်တွေ Messenger တွေအဖြစ် ၂ဖက်လုံး၏ အတွင်း သဘောထားတွေကို သိခွင့်လွှမ်းမိုးခွင့် ရရှိအောင် အတွင်းစည်းထဲမှာရ အောင်နေတတ်သည်။ ဒါကပိုပြီး သူ.တို.အကျိုးစီးပွားအတွက် အဆင်ပြေသည်မဟုတ်ပါလား။
အခုဆိုရင်သူတို.ဟာ ပြည်ပမှာ ရှိတဲ့ အတိုက်အခံတွေနဲ.လဲ တိုက်ရိုက် ဆက်သွယ် ဆက်ဆံ ထိတွေ.ခွင့် ရှိနေသလို ပြည်တွင်းမှာလဲ အစိုးရနဲ.ရော တခြား ဒေါ်စု အပါအ၀င် ကျန်တဲ့ အတိုက် အခံတွေနဲ.ပါ တိုက်ရိုက် စကားပြောခွင့် ထိတွေ.ဆက်ဆံခွင့်တွေ ရရှိနေပါသည်။ ဒါပေမည့် မြန်မာအဖွဲ.အစည်းတွေကျတော့ ပြည်တွင်းနဲ. ပြည်ပ အဖွဲ.တွေလဲ တိုက်ရိုက် ထိတွေ. ခွင့်မရ။ အစိုးရနဲ. ပြည်ပ အဖွဲ.တွေအကြား တိုက်ရိုက် ထိတွေ.မှုက နည်းပြီး အထူး သဖြင့် လက်နက်ကိုင် အဖွဲ.အစည်းတွေနဲ. တရားဝင် နိုင်ငံ အဖွဲ.အစည်းတွေ ဗမာ အဖွဲ. အစည်းတွေအကြား ထိတွေ.မှုဟာ မရှိသလောက် ရှားပြီး ရှိရင်လဲ အတော် ခက်ခဲနေဆဲပါ။ သို.သော် နိုင်ငံခြားအဖွဲ.အစည်းတွေကတော့ အဖွဲ. အားလုံးနဲ.ကို ထိတွေ.ဆက်ဆံပြီး ကြားထဲကနေ အရေးပါတဲ့သူတွေအဖြစ် လှုပ်ရှားနေပါ။
တခါတလေမှာ ကိုယ့် မြန်မာနိုင်ငံသား အဖွဲ.အစည်း တွေ အချင်းချင်းအကြား ပေးချင် တဲ့ သတင်းစကားကိုတောင် တိုက်ရိုက် ပြောလို.မရနိုင်တော့ နိုင်ငံခြားသားအဖွဲ.အစည်းတွေ နိုင်ငံခြားအစိုးရတွေကနေ တဆင့် စကားတွေ သယ်ပေး ဖလှယ်ပေးရတဲ့ အခြေအနေတွေ တောင်ရှိပါသည်။ အားလုံး သေခြာ လေ့လာ သပ်သုံးပြီး စဉ်းစားဖို. သင့်ပါသည်။
ဒါကြောင့် ဖိအားပေး ၀ိုင်းပယ်ဖို. ဒဏ်ခတ် အရေးယူဖို. နောက်ကနေ အားပေး အားမြောက် ပြောဆိုရေးသားပေမည့် လက်တွေ. မြန်မာပြည်ထဲ ဦးအောင်ဝင်ပြီး အစိုးရနဲ. ထိတွေ ဆက်ဆံ မှုတွေ လုပ်နေသူတွေဟာ မြန်မာ့အရေးလုပ်နေတဲ့နိုင်ငံခြားသားတွေ နိုင်ငံခြားအစိုးရအဖွဲ.တွေ ဖြစ်နေ တာကို သတိထားပြီး ဆင်ခြင်တတ်ဖို.လိုပါသည်။ မဟုတ်ရင် ကိုယ့်အချင်းချင်းကျ တော့ ကိုယ့် အိမ်ကို ပြန်တာ ကိုယ့်တိုင်းပြည် ကိုယ်ပြန်တာတောင် ဖောက်ပြန်ရေးသမား သစ္စာဖေါက်လို ပြောဆိုနေမှုတွေဟာ လက်တွေ. ကျပါရဲ့လား စဉ်းစားရမည် ဖြစ်ပါသည်။

No comments:

Post a Comment