ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 25, 2012

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ


ယမန်နှစ်က မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု ကို တွေ့ မြင်ရစဉ်
ဧပြီ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ နံနက် ၈နာရီ၁၅ မိနစ်-ဆိုင်းဆွတ် YPI

ယနေ့နံနက် ၇နာရီခွဲက မြစ်ကြီးနားမြို့ ဆေးရုံထောင့် ယာဉ်ထိန်းရဲကင်း အနီး ဗုံးတလုံးပေါက်ကွဲရာ အနည်းဆုံး ၃ ဦးဒဏ်ရာရပြီး ယင်းတို့အနက် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူ တဦးပါဝင်ကြောင်း မျက်မြင်သက်သေများကပြောသည်။

မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။

ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။

ယခုလ ၁၄ ရက်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ အထွက် ရထားလမ်းအနီး ဗုံးတလုံးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ။

No comments:

Post a Comment