ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 25, 2012

နောက်ထပ် အလင်းဝင်သွားကြသည့် KIA တပ်ဖွဲ့ဝင်များ



KIA နဲ့ အစိုးရတပ်များ နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားနေကြပြီး KIA တပ်ဖွဲ့ဝင်များသည်လည်း နေ့စဉ်လိုလို အစိုးရတပ်စခန်းများမှာ အလင်းဝင်ရောက်လျက်ရှိပါတယ်။ ဧပြီလ ၂၃ ရက်နေ့ မနေ့က တပ်မဟာ ၅ မှ KIA စစ်မှုထမ်း ၄ ဦးသည် တာလောကြီးရွာမှာရှိတဲ့ အစိုးရတပ်စခန်းကို  အလင်းဝင်ရောက်သွားပါတယ်။ ယခုအလင်းဝင်သူများကတော့  တောင်ယာလုပ်ကိုင်ရင်း KIA တပ်မဟာ ၅ မှ ဖမ်းဆီးခံခဲ့ရသူများဖြစ်ပါတယ်။ အလင်းဝင်သွားသူ အားလုံးကတော့ တာလောကြီး ရွာသားဖြစ်ကြပြီး ရပ်ကွက် ၃ မှာနေတဲ့ တပ်ကြပ် စန္ဒာထွန်း၊ ဒုတပ်ကြပ် အောင်ထွန်းလယ်၊ တပ်သား မောင်ပြုံး၊ ရပ်ကွက် ၉ မှာနေတဲ့ ဒုတပ်ကြပ် မြင့်ဝင်း တို့ဖြစ်ကြပါတယ်။ ၄င်းတို့ဟာ ကေအိုင်အေ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းချိန်တွင် KIA မှ စစ်မှုထမ်းကိုယ်ပိုင်နံပတ်များ ပေးထားပြီး ပြည်သူ့စစ်များမဟုတ်ကြောင်း သိရပါတယ်။
အလင်းဝင်လာသူ ၄ ဦးမှာ ထွက်ပြေးလာချိန်တွင် ၁၂ ဦးထွက်ပြေးလာခဲ့ပြီး တပ်မဟာ ၅ မှ လိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အတွက် လူစုကွဲသွားပြီး အလင်းဝင်လာမည့်သူ ၈ ဦးကျန်ရှိနေကြောင်း တပ်ကြပ် စန္ဒာထွန်းမှ ပြောပြပါတယ်။

No comments:

Post a Comment