ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 25, 2012

NLD မဲဆန္ဒရှင်များ ဘယ့်နှယ်လုပ်ကြပါမလဲ (ပေးစာ - ၁၃၅)


From : ပြည်ချစ်သား




ကဲ......ဘယ့်နှယ်လုပ်ကြပါမလဲ NLD မဲဆန္ဒရှင်တို့ရေ နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံခြားမှာနေ
အဖေမျက်နှာမထောက် လူမျိုးမျက်နှာမထောက်အင်္ဂလိပ် လူမျိုးခြားကို လက်ထပ်ပေါင်းသင်းပြီး မိမိတိုင်းပြည်နဲ့လူမျိုးကို မေ့ချင်တိုင်းမေ့ပြီး မတူမတန်သလို သတ်မှတ်၊ မြန်မာနိုင်ငံနဲ့ လူမျိးတွေကိုဆေးဖေါ်ကြောဖက်တောင် မလုပ်ခဲ့တဲ့ ဒေါ်စုကြည် ကမိခင်ဖြစ်သူ နေမကောင်းလို့ ခေတ္တပြန်အလာမှာ နိုင်ငံမှာနိုင်ငံရေးအကြပ်အတည်းတွေ့နေတဲံ့ အချိန်မှာအစဉ်တစိုက် အဖျက်လုပ်ငန်းများလုပ်ပြီး အာဏာသိမ်းလိုတဲ့ ဗကပ
အုပ်စုဝင်များ၊ မဆလ အစိုးရလက်ထက်မှာ တာဝန်ကြီးကြီးယူပြီး တာဝန်မဲ့လုပ်ခဲ့မှုတွေကြောင့် အရေးယူခံအဖြုတ်ခံ ကြရတဲ့ တပ်ပြုတ်အရပ်ပြုတ် များနဲ့ အကြောင်းအမျိုးမျိုးကြောင့် အကျိုးစီးပွားနစ်နာခဲ့ကြသူတစုရဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဆိုတဲ့အရှိန်အ၀ါကို ယူပြီး
နိုင်ငံရေးခေါင်းဆောင်တယောက်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးလှုပ်ရှားကြခဲံ့တဲ့အပေါ်မှာ လူသိများ ထင်ရှားပြိး ဒီကနေ့ ဒီနေရာ ရောက်လာတာပါ။ဒေါ်စုကြည် နိုင်ငံရေးလှုပ်ရှားမှုနဲံ့ ပါတ်သက်ပြီးဘာတွေ တွေ့ခဲ့ရသလဲဆိုတော့ နိင်ငဲံနဲ့လူမျိးထိခိုက်နစ်နာစေမဲ့ ပြည်ပနိုင်ငံခြားသားများ မြန်မာနိုင်ငံကိုခ၇ီးသွားမလာရောက်ဖို့ မြန်မာနိုင်ငံ
ကိုပိတ်ဆို့အရေးယူဖို့ ဆိုတာတွေကိုဘဲ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တာကနိုင်ငံကို အကျိုးပြုစေတာလားအကျိုးပျက်စေတာလား။ဒီအတောအတွင်းးလည်း သောင်းကျန်းသူများနဲံ့  အပေးအယူအဆက်အသွယ် များလုပ်ခြင်း၊ ဆန့်ကျင်ဖက်အဖွဲ့ အစည်းများအား မြှောက်ပင့်သွေးထိုးပေးခြင်း၊စသဖြင့် အကျိုးပျက် လုပ်ငန်းတွေကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ပါတယ်။ ဒါတွေကိုယုံကြည်ပြီးလုပ်ခဲ့ကြလို့ အသက်သေခဲ့ကြတဲ့
ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူတွေအများကြီးရှိပါတယ်။ ဒေါ်စုကြည်က ပန်းပန်လျှက်ပါ။
  ၂၀၀၈မှာကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီေ၇ွးကောက်ပွဲမှာလည်း ဒေါ်စုကြည် တို့ ပါ
ဝင်ယှဉ်ပြိုင်ခြင်းမပြုတဲ့အပြင် ပြည်သူတွေကိုတောင် မဲမပေးအောင် စည်းရုံး
ဟန့်တားမှုမျိုးလုပ်ခဲ့ကြပါတယ်။ ဥပဒေအတိုင်းသာ အရေးယူရင် ထောင်ကတောင်လွတ်မှာ မဟုတ်တော့ဘူး။ဒါတွေပြောရရင်ပြီးမှာမဟုတ်တော့ပါဘူး။အခုလောလောဆယ်အခြေအနေကို ပြောပါ
မယ်။ တိုင်းပြည်တိုးတက်အောင် လူမျိုးတိုးတက်အောင် လုပ်လိုပါတယ်ဆိုတဲ့ဒေါ်စုကြည်ကို လုပ်လို့ကိုင်လို့ရအောင် ပြင်ဆင်သင့်တဲံ့ ဥပဒေတွေကို ပြင်လိုက်တဲံအတွက်အများစုရဲ့ထောက်ခံမဲအရ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေပါပြီ။ လွှတ်တော်တက်ပြီး တိုင်းကျိုးပြည်ပြု
လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဘဲရှိပါတယ်။အခုတော့ဒီလိုမဟုတ် နိုင်ငံအသီးသီးက မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသင့်ကြောင်း ပြောဆိုနေကြတဲ့အချိန်မှာတောင် ဗြိတိန် နိုင်ငံကဆိုင်းငံ့ပိတ်ဆို့မှုကို မကန့်ကွက်ဘဲ ထောက်ခံပါတယ်ဆိုတာ ဘယ်လိုသဘောလဲ ။
နောက် သမ္မတကြီး ပြည်ပမှာတိုင်းပြည်အကျိုးအတွက်သွားရောက်နေစဉ် ဘာမဟုတ်
တဲ့ ကိစ္စ အကြောင်းပြပြီး လွှတ်တော် မတက်ရောက်တာဟာ မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကြပ်အတည်း
တွေ ရှိနေသေးတယ်ဆိုတဲ့ အရိပ်အရောင်ပြပြီး သမ္မတကြီးကို မျက်နှာပျက်စေတာလား။ နိင်ငံရေးအောက်လမ်းနည်းတွေ မသုံးသင့်တော့ပါ။ မဲဆန္ဒရှင်တွေရဲ့ မျက်နှာကိုကြည့်သင့်ပါတယ်။
အဲလိုပြည်သူ့မျက်နှာမကြည့်ဘဲ တိုင်းပြည်အကျိုးမကြ့ည်ဘဲ
ငါ့မြင်းငါစိုင်း စစ်ကိုင်းဘဲ
ရောက်ရောက် ဆိုတဲ့ ခံယူချက်နဲ့ လုပ်နေရင်တော့ ............
NLD မဲဆန္ဒရှင်များ ဘယ့်နှယ်လုပ်ကြပါမလဲ။

No comments:

Post a Comment