
ပြည်သူ့လွှတ်တော်ဥက္ကဌ
သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့၌ အခြေစိုက် သော ဥရောပသမဂ္ဂပါလီမန်ဥက္ကဌ မစ္စတာ
မာတင်ရှု၏ ဖိတ်ကြားချက် အရ ဂျာမနီနိုင်ငံ ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်း၏
အစီအစဉ်ဖြင့် ပြည်ထောင်စု
သမ္မတဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ
လွှတ်တော်များသို့ လေ့လာရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက်ရန် မနေ့က မနက် ၁ဝ
နာရီခွဲ တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ
ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီများမှ ဥက္ကဌ၊ အတွင်းရေးမှူး
နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး နှင့် တာဝန်ရှိသူများက
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ်
ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီ ဥက္ကဌ
ဦးစိုးသာ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ဦးလှမြင့်ဦး၊
စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ
ဦးမောင်မောင်သိမ်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေး
ကော်မတီဥက္ကဌ ဦးဌေးမြင့်၊ တိုင်းရင်းသား ရေးရာနှင့်
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၊
ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်း ဝါန နှင့် တာဝန်ရှိ သူများ လိုက်ပါသွားကြသည်။
No comments:
Post a Comment