ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 08, 2012

ဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးနားခဲ့လျှင်ဒု သမ္မတနေရာ ဒေါ်စု ဖြစ်မည်ဟုကောလဟာလ ကြေညာနေသောဘာမှမသိတဲ့ အတိုက်အခံမီဒီယာတို့အတွက်


From : သွေးသစ္စာ



ပထမဦးစွာ အနေနဲ့ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များ ၏ အရည်အချင်းများကို လေ့လာကြည့်ရအောင်ပါ... ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ထဲက အပိုဒ် ၅၉။ထဲမှာ ဖော်ပြထားပါတယ်....



၅၉။ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်-

(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာရှိသူ ဖြစ်ရမည်၊

(ခ မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော

တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊

(ဂ ) ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ

ရှိရမည်၊

(င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀

နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊

ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း

နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေးတွက်ရမည်၊

(စ ) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ်

ခင်ပွန်းသော်လည်း ကောင်း၊မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်

သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး

သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ

သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံခြား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏

လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း

ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊



ဆိုပြီးပါရှိပါတယ်... အဲဒီ အထဲမှာ ဒေါ်စုနဲ့ ဘယ်အချက် ငြိနိုင်ပါသလဲ... (က)၊(ခ)၊(ဂ) တို့ ညီညွှတ်တယ်ထားပါ...



(ဃ)မှာရော ကြည့်ရအောင်ပါ (ဃ)မှာ ပြောထားတာက ( နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိရမည်၊) လို့ ပြောထားတာပါ ဒါကို တခြားသူတွေက စစ်တပ်က လူတွေပဲ အုပ်ချုပ်ရအောင်လို့ ဒီလို သတ်မှတ်ထားတယ်လို့ တဖက်သတ် ပြောကြပါတယ်... ဒါက မဟုတ်ပါဘူး... ဘာလို့လဲ ဆိုရင် စစ်ရေး အမြင်ရှိရမယ် ဆိုတာနဲ့ စစ်တပ်ကလူပဲ အုပ်ချုပ်ရမယ်လို့ မဟုတ်ပါဘူး၊ အဲလိုကျတော့ ယူဆကြပြီး စီးပွားရေး အမြင်ရှိရမယ် ဆိုတဲ့ ဟာကျတော့ စီးပွားရေးသမားလဲ ဖြစ်ရမယ်လို့ မယူဆကြဘူး... လူတွေက မကောင်းပြောချင်ရင် ရှာကြံ၊ ကတ်သတ် ပြောတတ်တယ် ဆိုတာ ဒါမျိုးတွေကို ပြောတယ် ထင်တယ်... အခု ဒီမှာ ဆိုလိုတဲ့ ဆိုလိုရင်းကတော့ တိုင်းပြည် ခေါင်းဆောင် ဖြစ်မယ့်သူ တစ်ယောက်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိသင့်ပါတယ်... အမြင်ပဲ ရှိရမှာပါ... စစ်မှုထမ်းဖူးတဲ့သူ၊ စီးပွားရေး သမား (စီးပွားရေးလုပ်ဖူးတဲ့သူ) သူများရယ်လို့ မဟုတ်ပါဘူး... နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး အမြင်ရှိသူ မည်သူမဆို ဒီအချက်လေးနဲ့ ညီညွှတ်ပါတယ်... ပြောရမယ်ဆိုရင် ဒေါ်စု အနေနဲ့ ခက်ခဲတဲ့ အတားအဆီမဟုတ်ပါဘူး သူ့မှာ အမြင်ရှိရင် ရပါတယ်....



(င) မှာလည်း ဒေါ်စုနဲ့ ညီညွှတ်ပါတယ်...



(စ) မှာတော့ မညီညွှတ်တော့ပါဘူး...



(မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံခြား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊)
ဒီအချက်မှာ ဒေါ်စု အဓိကနဲ့ အကြီးမားဆုံး ငြိမယ့် အချက်ပါပဲ... ဒေါ်စုမှာက နိုင်ငံခြားသား ယောက်ျားနဲ့ရထားတယ်.. သူနဲ့မွေးထားတဲ့ နိုင်ငံခြားသား ကလေးတွေ ရှိသေးတယ်... အဲဒီ ကလေးတွေကလည်း နိုင်ငံခြားသူနဲ့ အိမ်ထောင်ကျတဲ့ သူက ကျပြီးနေကြပြီ၊ ပြောရမယ်ဆိုရင် သူ့ရဲ့သား အကြီးဆုံးနဲ့ မိန်းမဟာ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ ဖြစ်နေကြပါပြီ...

အခြေခံဥပဒေ ပြင်မယ်ဆိုလို့ ဒီလို ဒေါ်စုနဲ့ ငြိတဲ့ အချက်လေးကို ပြင်လို့ ကောင်းမကောင်း၊ ဖြစ်မဖြစ် စဉ်းစားကြည့်ရရင်ဖြင့် မကောင်းဘူးလို့ပဲ ယူဆမိပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့ ဒီအချက်လေးဟာ... ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို တိုင်းတစ်ပါး (နိုင်ငံခြား) လွှမ်းမိုးမှု မရှိအောင် ကာကွယ်ထား သင့်တဲ့ အချက်လေးလို့ပဲ ယူဆမိပါတယ်... ဒီလိုမှ ကာကွယ် မထားခဲ့ရင် တိုင်းတစ်ပါး (နိုင်ငံခြား) တွေကနေ စပိုင်တွေလွှတ် အမျိုးမျိုး ကြိုးစားပြီး နိုင်ငံရဲ့ သမ္မတ၊ ဒုသမ္မတ နေရာကို ရယူနိုင်ပြီး ကြိုးကိုင် ချယ်လှယ် သွားနိုင်ပါတယ်... ဒါကြောင့် ဒီအချက်လေးနဲ့ ကာကွယ်ထားသင့်ပါတယ်...


Alexander Aris ရဲ့မိသားစု


ဒီလိုဆိုရင် ဒေါ်စုဟာ သမ္မတ၊ ဒုသမ္မတ ဖြစ်နိုင်လားလို့ မေးလားရင် မဖြစ်နိုင်ပါဘူး... မဖြစ်ထိုက်ပါဘူး လို့ပဲ ပြောပါရစေ... ဒေါ်စု သမ္မတမကြီး ဖြစ်ခဲ့ရင် ဒုသမ္မတမကြီး ဖြစ်ရင် ဆိုပြီး အိမ်မက် မက်နေသူများ အိမ်မက်ကနေ နိုးထပြီး တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးပါတယ် ဆိုရင် တိုင်းပြည်နဲ့ လူမျိုး အတွက် ရေရှည် ကာကွယ်ဖို့ စဉ်းစားကြပါလို့ တိုက်တွန်း ချင်ပါတယ်ခင်ဗျာ....

No comments:

Post a Comment