ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 08, 2012

တို့ အလံ



နိုင်ငံတော်အလံတွင် အ၀ါရောင်၊ အစိမ်းရောင် နှင့်အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ ....မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်း ဖြစ်သည်။

အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ညဏ်ပညာကြီးမားခြင်း ၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်နှီးစွာစည်းလုံးညီညွတ်မှုရှိခြင်း ဟူသောအဓိပ္ပါယ်ကိုဆောင်ပါသည်။

အလံတော်ရှိအစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြေသည့်နိုင်ငံဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။

အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့် ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ဆောင်ပါသည်။

ကျမတို့ ငယ်ငယ်ကတည်းက ဆိုခဲ့တာ..

♪♫ကမ္ဘာမကြေ..မြန်မာပြည်..တို့ ဘိုးဘွားအမွေအစစ်မို့ချစ်မြတ်နိုးပေ...♫♪

အထက်တန်းကျောင်းပြီးလို့ .. တက္ကသိုလ်တွေမှာ မဆိုရတော့ပေမဲ့..ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်သီချင်းဖွင့်ရင် အလေးအနက်ပြုပြီးမတ်တပ်ရပ် သီချင်းပြီးဆုံးသည်အထိ အလေးပြုသင့်ပါတယ်။

No comments:

Post a Comment