ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 08, 2012

ဂျပန် နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာသော ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ 


မေလ ၅ ရက်နေ့ ည ၇ နာရီ ၁ဝ မိနစ် တွင် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်-မြန်မာလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေးဖလှယ်မှု ပြုလုပ်ရန် ဂျပန်နိုင်ငံသို့ ချစ်ကြည် ရေးခရီးထွက်ခွာသွားရာ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ် တော်ကော်မတီများမှ ဥက္ကဌများ နှင့်အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်း၊ ဒုတိယဥက္ကဌ ဦးတင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Takashi SAITO နှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ မြန်မာကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦး မြညိမ်း ၊ အမျိုးသား လွှတ်တော်ပညာရေး၊ ကျန်းမာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေ၊ အမျိုးသား လွှတ်တော်အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ကော်မတီဥက္ကဌ ဦးဝင်းမောင်၊ အမျိုးသားလွှတ်တော် သတ္ထုနှင့် သယံဇာတရေးရာကော်မတီဥက္ကဌ ဦးနေဝင်းထွန်း၊ အမျိုးသားလွှတ် တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ အမျိုးသားလွှတ် တော် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝဏ္ဏအောင်မြင့်နှင့် တာဝန်ရှိသူ များလိုက်ပါ သွားကြ သည်။

No comments:

Post a Comment