ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 08, 2012

KIA ခေါင်းဆောင်ကြီးများ လိုင်စာဌာနချုပ်မှ စွန့်ခွာထွက်ပြေး


From : KDN
လိုင်ဇာမြို့တွင်အဝေးထိန်းမိုင်းများထောင်ပြီး KIA ခေါင်းဆောင်တွေရဲ့မိသားစုများပြောင်းရွှေ့

မေ ၀၇ရက်

KIA ဗဟိုရဲ့ညွှန်ကြားချက်နဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ မေ ၃ ရက်နေ့အထိ လိုင်ဇာမြို့ထဲမှာ ဗိုလ်မှူး ဘရန်အောင် ဦးဆောင်ပြီး မိုင်းတွေကိုလျှို့ဝှက်စွာမိုင်းလိုက်ထောင်နေတယ်လို့သိရပါတယ်။ KIA ဗဟိုကလူတစ်ယောက် ပြောပြချက်အရတော့ အစိုးရတပ်တွေလာတိုက်ရင် ပြန်လည်ခုခံနိုင်အောင်လို့ ပြာတယ်။ KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုးတွေနဲ့ KIA အကြီးပိုင်းကလူတွေကတော့ လိုင်စင်ပိုစ့် ကိုပြောင်းရွေ့နေတယ်။ မိုင်းဖောက်ခွဲမှုကိုတော့ လိုင်ဇာ ဟိုတယ် စတုတ္ထထပ်မှာ အဝေးထိန်းစနစ်နဲ့ ထားရှိထားပြီး ဗိုလ်မှူးကြီး ခွန်ဆိုင်းက ကွပ်ကဲနေတယ်တဲ့။

လိုင်ဇာမြို့ကပြည်သူတွေကတော့ အဲဒီအကြောင်းကို သိတဲ့သူနည်းနည်းလေးဘဲရှိပါတယ်။ KIA ခေါင်းဆောင်ပိုင်းနဲ့ပတ်သတ်တဲ့သူတွေလောက်ဘဲသိပြီးပြောင်းရွှေ့နေကြတာပါ။ KIA ရဲ့လုပ်ရပ်က ပြည်သူတွေကိုပါ သေတွင်းတည်း ကိုပို့မယ့်ပုံပေါကနေပါတယ်။ အဲဒီလိုလုပ်တာတော့မကောင်းပါဘူး။ အစိုးရတပ်တွေက လိုင်ဇာကိုသိမ်းမယ်လို့ သူတို့က တွက်ပြီးလုပ်နေပါတယ်။ သူတို့အဲဒီလိုလုပ်နေတာဟာ အစိုးရတပ်တွေလာရင်အစိုးရတပ်တွေထိမှာကနည်းနည်းပါးပါးဘဲ ဖြစ်နိုင်တယ်။ အထိများမှာက လိုင်ဇာကပြည်သူတွေများမှာပေါ့ဗျာ။ KIA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး စိတ်ပျက် စရာကြောက်ရွံ့စရာတော်တော်လေးကိုကောင်းနေပါပြီးလို့ လိုင်ဇာမြို့ခံတစ်ဦးက KDN သတင်းဌာနသို့သတင်းပေးပို့ လာပါတယ်။

တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသော ကေအိုင်အေ စစ်သည်များ ပြန်လည်ဖမ်းဆီးရမိ
လိုင်ဇာမြို့ ဇန်န၀ါရီလ ၁၀ရက်
လိုင်ဇာရုံးချုပ်က အကူအညီတောင်ခံလို့ ဒီဇန်န၀ါရီလ ပထမပတ်အတွင်းမှာ ရင်ကျန်းရဲတပ်ဖွဲ့က ရင်ကျန်းမြို့ အတွင်းဝင်ရောက် နေထိုင်နေတဲ့ KIAစစ်သည်တွေနဲ့ မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးခဲ့ရာ ကချင်လူမျိုးနဲ့ ရှမ်းလူမျိုး ၁၃၀ လောက်ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ မြို့ပေါ်က KIA တပ်ဖွဲ့ဝင်ရဲ့ မိသားစုတွေ ထွက်ပြေးတာများလာလို့ KIO အဖွဲ့က တစ်ဖက်နိုင်ငံ ရင်ကျန်းမြို့ကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ထွက်ပြေးKIA တပ်ဖွဲ့ဝင်များကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။
“KIA တပ်ဖွဲ့ဝင် စစ်သည် ၄၀ နဲ့ သူ့တို့မိသားစုဝင် ၂၀လောက် ရှိတယ်လို့ အကြောင်းကြား လာတယ်။ အဲ့ဒါအခု ပြန်သွားခေါ်ဖို့လုပ်နေတယ်။ ကျန်တဲ့သူတွေ လည်းကျန်နေသေး တယ်။ ကျွန်တော် တို့ကို အခုချိန်ထိကူညီပေးနေတဲ့ တရုတ်အစိုးရကိုလည်း ကျေးဇူး တင်တယ်လို့ပြောရမှာပါပဲ။ ပြန်မိတဲ့ သူတွေကိုလည်း နောက်မလုပ်ရဲအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်လို့ပြော ပါတယ်။








တရုတ်နိုင်ငံကို ထွက်ပြေးလာရင်း ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ကေအိုင်အေ စစ်သည် တစ်ယောက် ကတော“ကျွန်တော်တို့ ထွက်ပြေးလာတော့ လက်နက်တွေလည်း ယူလာတယ်။ တစ်ချို့ကလည်း မိန်းမတွေ ပါလာတာပေါ့ဗျာ။ အဓိက ကတော့ ဆက်မတိုက်ချင်တော့ဘူး။ ပင်လဲပင်ပန်းတယ် ၊နေတာ စားရတာကလည်း အရမ်းဆင်းရဲတယ်၊ ကုန်ကုန်ပြောရရင် ရှိနေတဲ့လူနဲ့ ရှိနေတဲ့ ရိက္ခာက မမျှတော့ လူတိုင်းကိုပြည့်ပြည့်၀၀ မပေးနိုင်ဘူး။ ကချင်ပြည်နယ်ထဲ နေတော့လည်း လိုက်ခေါ်ပြီး စစ်တိုက်ခိုင်းတယ်။ ဒါကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးတာ။ အခုလို ပြန်အဖမ်းခံရတော့ ဘာဖြစ်မယ်ဆိုတာ မတွေးရဲ တော့ဘူး။ မလုပ်ချင်ဘူးလို့ ပြောတော့လည်း တစ်ချို့ အသတ်ခံရတယ်။ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရတော့ လည်း ဆေးရုံမှာ မကုရဘူး။ ဒဏ်ရာပြင်းထန်တဲ့သူတွေပဲ ဦးစားပေးကုပေးတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ဆေးဝါးရှာပြီး ကုရတယ်။ မိုင်ဂျာယန်ဆေးရုံမှာတင်ကို လူက ၁၀၀ကျော်နေပြီ။ ဒါတောင် အလောင်းတွေမကောက်နိုင်လို့ ထွက်ပြေးလာရတာတွေ မပါသေးဘူး။ ဖြစ်နိုင်ရင် တကယ်ကို မတိုက်ချင်တော့ဘူး” လို့ပြောပါတယ်။

No comments:

Post a Comment