ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 10, 2012

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ၎

ဇွန်လ ၁၀ ရက် ၁ နာရီ ၀၅ မိနစ်
မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားမှုများကို ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပါ။
ဇွန်လ ၁၀ ရက် ၁ နာရီ ၈ မိနစ်
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားသဖြင့် အဆိုပါရပ်ကွက် မီးလောင်မှုကို ငြိမ်းသတ် နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များပါ မကဘဲ ရခိုင်တိုင်း ရင်းသားများက ပါဝင်ပြီး ၀ိုင်းဝန်း ငြိမ်းသတ်ပေးနေကြောင်း သိရပါသည်။ ထို့အပြင် ရွှေပြားရပ်ကွက် အတွင်း မီးလောင်ရာအနီးတွင် ရခိုင်တိုင်းရင်းသား နေအိမ်များ ရှိနေသဖြင့် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များသို မီးကူးစက်မှု မရှိနိုင်စေရန် လုပ်ဆောင်နေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၁၉ မိနစ်
ရခိုင် တိုင်ရင်းသားများ၏ ဆုတောင်းပွဲကို ယနေ့၌ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိ အချိန်တွင် ရခိုင် တိုင်းရင်းသား ၄၀၀ ခန့်မှာ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ပြီး ဆုတောင်းမှုများ ပြုလုပ်နေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၃၀ မိနစ်
"စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် တည်ငြိမ်မှုမရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ တိုင်းရင်းသားရွာတွေကို လစ်ရင်လစ်သလို ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက အရှေ့ဆက်တိုးလာတယ်" ဟု စစ်တွေဒေသခံတစ်ဦးက နေ့လည် ၁နာရီခွဲအချိန်တွင် စစ်တွေမြို့၏ လက်ရှိအခြေအနေကို ပြောကြားခဲ့ပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၃၅ မိနစ်
မောင်တောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိနေသော အလယ်သံကျော် နစခစခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများ ၀ိုင်းပြီး ခဲဖြင့် ပစ်ခတ်နေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် သတိပေးနေကြောင်း အလံသံကျော် ဒေသခံတစ်ဦးက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၄၆ မိနစ်
မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီးနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သို့ ယနေ့တွင် ထပ်မံရောက်ရှိလာပြီး အဆိုပါအဖွဲ့နှင့်အတူ အစိုးရ သတင်းမီဒီယာများလိုက်ပါခဲ့ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၅၀ မိနစ်
စစ်တွေမြို့အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ကို မကြာမီ ထုတ်ပြန်ဖွယ်ရှိနေကြောင်း ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးက အတည်ပြု ပြောကြားပါသည်။
ဇွန်လ ၁၀ ရက် ၂ နာရီ ၃ မိနစ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ရခိုင်တိုင်းရင်းသားများ၊ သံဃာတော်များ၊ ဗမာအပါအ၀င် အခြားတိုင်းရင်းသား လူမျိုးများ စုစုပေါင်း လူအင်အား ၁၀၀၀ ကျော်ခန့်သည် ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသော ရခိုင်တိုင်းရင်းသားများကို ရှာဖွေပြီး အသေအပျောက်စာရင်း အတိအကျ ထုတ်ပြန်ပေးရန်၊ ဆေးဝါးစာနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး ကူညီပေးရန်၊ အစိုးရအနေဖြင့် ရခိုင်လူမျိုးတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို စိတ်ချရသည်အထိ ကာကွယ်စောင့်ရှောက်ပေးရန်တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် နိုင်ငံပိုင်မီဒီယာများနှင့် ရုပ်သံမီဒီယာများအနေဖြင့် မောင်တောမြို့နယ်တွင် ဖြစ်ပွားသော ပဋိပက္ခများ၏ အဓိကတရားခံမှာ ဘင်္ဂါလီရိုဟင်ဂျာ ဘာသာရေး အစွန်းရောက်များ၏ လက်ချက်ဖြစ်သည်ကို အတိအကျ ဖော်ပြပေးရန်နှင့် အဆိုပါ အကြမ်းဖက် ဘင်္ဂါလီရိုဟင်ဂျာများကို အမြန်ဆုံး ရှာဖွေ၍ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်လည်း ထည့်သွင်းတောင်း ဆိုခဲ့ကြသည်။

ယခုဖြစ်စဉ်သည် တိုင်းရင်းသား အရေးကိစ္စဖြစ်ပြီး တိုင်းရင်းသားတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန်လည်း နှိုးဆော်ခဲ့ကြသည်။

မွန်လွဲ ၁ နာရီ ၂၀ မိနစ် အချိန်တွင် အဆိုပါလူထုမှာ အနောက်ဖက် အာရုံခံတန်ဆောင်းရှေ့ ကြာသပတေးဂြိုဟ်တိုင်တွင် စုဝေး ဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။
ဇွန်လ ၁၀ ရက် ၂ နာရီ ၂၀ မိနစ်
ဘင်္ဂါလီ ရိုဟင်ဂျာ သုံးဦးမှာ အမျိုးသမီး ဟန်ဆောင်ပြီး ဘူးသီးတောင် မြို့အတွင်းသို့ မောင်တောမြို့ ထွက်ပေါက်မှတစ်ဆင့် ၀င်ရောက်လာသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထားကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၂ နာရီ ၄၅ မိနစ်
စစ်တွေနှင့်ပတ်သက်ပြီး နောက်ဆုံးရသတင်းများကို နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ယခုကဲ့သို့ ရေးသားခဲ့ပါသည်။
ဇွန်လ ၁၀ ရက်နေ့ ၀၃၀၀ နာရီ။ မင်းဂံရပ်ကွက်(၈/၉)- ဘင်္ဂါလီအင်အား ၂၀၀ ခန့် နှင့် ရခိုင်တိုင်းရင်းသား ၂၀၀ ခန့် ရင်ဆိုင်၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ၊ (ရခိုင်အိမ်(၁)လုံးနှင့် ဘင်္ဂါလီအိမ်(၁)လုံး မီးလောင်)
ဇွန်လ ၁၀ ရက်နေ့ ၀၅၀၀ နာရီ။ မင်းဂံရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံအား ၂၀၀ ခန့်မှ မီးရှို့ရန် ရောက်ရှိလာ၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ။
ဇွန်လ ၁၀ ရက်နေ့ ၀၈၄၅ နာရီ ။ ဘုမေရွာ/မင်းဂံရပ်ကွက်၊ နှစ်ရွာစလုံးရှိ ရခိုင်နှင့် ဘင်္ဂါလီ အချင်းချင်း နေအိမ်များအား အပြန်အလှန် မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ်(၂)လုံး၊ ဘင်္ဂါလီအိမ်(၃)လုံး မီးလောင်)
ဇွန်လ ၁၀ ရက်နေ့ ၀၀၉၅၀ နာရီ ။ မင်းဂံရပ်ကွက်(၁၃)ရှိ ဘုန်းကြီးကျောင်းအား ဘင်္ဂါလီ ၁၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင်)
ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၀ နာရီ ။ မင်းဂံရပ်ကွက်(၁၅)၌ ဘင်္ဂါလီ ၂၀၀/၃၀၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ ခြောက်လှန့်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ် ၁ လုံး မီးလောင်)
ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၅ နာရီ ။ စုမေလက်သမားရွာမှ ဘင်္ဂါလီ ၃၀၀ ဦးမှ ရခိုင်အိမ်(၃)လုံး ဖျက်ဆီးဝ ရဲမှ တား၊ မိုးပေါ်ထောင်ပစ်၊ ဘင်္ဂါလီ ၁၅၀ ခန့် ကျန်ရှိ။
ဇွန်လ ၁၀ ရက်နေ့ ၀၁၁၃၀ နာရီ ။ ရွှေရောင်စုံ ဘုန်းကြီးကျောင်းသို့ ဘင်္ဂါလီ ၂၀၀ ဦးမှ လာဝိုင်း၊ ရဲများမှ ရှင်းလင်းဆဲ။
ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ ဒူးဝါးမြောင်ရွာ၊ ဘင်္ဂါလီ ၄၀၀ ဦးနှင့် ရခိုင် ၁၅၀ ဦး ထိပ်တိုက်တွေ့။
ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ စစ်တြွေုမို့၊ ပုဏားကျွန်းမှ ရခိုင် ၂၀၀ ဦး စစ်တွေသို့ ထွက်လာ၊ ပုဏားကျွန်းတွင် တားထား။
ဇွန်လ ၁၀ ရက်နေ့ ၀၁၀၅၀ နာရီ ။ စစ်တွေ ပြည်သူ့ဆေးရုံ၊ ရခိုင် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာဖြင့် ရောက်ရှိလား။
ဇွန်လ ၁၀ ရက် ၂ နာရီ ၅၅ မိနစ်
စစ်တွေမြို့ရှိ ရစ်နွယ်စု ရပ်ကွက်အတွင်း မီးလောင်မှု စတင်ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ အဆိုပါ မီးလောင်မှုမှာလည်း မင်းဂံရပ်ကွက် ၁၃ တွင် ဖြစ်ခဲ့သည့် နည်းတူ ဘဂါင်္လီတစ်ဦးက မိမိနေအိမ်အား မီးရှို့ပြီး ထွက်ပြေးသွားခြင်း ဖြစ်ပါသည်။
ဇွန်လ ၁၀ ရက် ၃ နာရီ
စစ်တွေမြို့အခြေအနေအား ထိန်းသိမ်းနိုင်ရန်အတွက် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်လိုက်ကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၃ နာရီ ၃၀ မိနစ်
စစ်တွေမြို့အပါအ၀င် သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့တို့တွင်လည်း ညမထွက်ရ အမိန့်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ ကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဇွန်လ ၁၀ ရက် ၃ နာရီ ၃၅ မိနစ်
စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒဏ်ရာရရှိသူ ရခိုင်လူမျိုး ရှစ်ဦး စစ်တွေဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည့်အတွက် သွားရောက်စုံစမ်းရာ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပိုင်ခွင့်မရှိကြောင်း Eleven Media Group သတင်းထောက်သို့ ပြောကြားခဲ့သည်။
ဇွန်လ ၁၀ ရက် ၃ နာရီ ၅၃ မိနစ်
ဘူးသီးတောင်မြို့နယ် မူကြိုကျောင်းတွင် ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်လှစ်လိုက်ပြီး အဆိုပါ စခန်းတွင် လူ ၈၀၀ ခန့်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၄ နာရီ ၁၀ မိနစ်
ညနေ ၃ နာရီ ၄၀ မိနစ် အချိန်က စစ်တွေမြို့တောင်ဘက်တွင် ရှိနေသော စစ်တွေဟိုတယ်အနီးမှ စံပြရွာကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့မှုကြောင့် အိမ်ခြေ တစ်ရာခန့်ရှိသော စံပြရွာရှိ အိမ်အများစုမှာ မီးလောက်ကျွမ်းခဲ့ကြောင်း သိရပါသည်။ စံပြရွာသည် စစ်တွေဟိုတယ်နှင့် ပေ ၁၀၀၀ ခန့် အကွာတွင် တည်ရှိပါသည်။
ဇွန်လ ၁၀ ရက် ၄ နာရီ ၂၆ မိနစ်
ကျောက်ဖြူမြို့ ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြစ်နားတန်းရပ်ကွက် ကျွန်းသာယာ အစုရှိ ဘင်္ဂါလီများနှင့် ဒေသခံ ရခိုင်လူမျိုးများအကြား ဆန်ရောင်းဝယ်ရာမှ အချင်းများဖြစ်ပွားခဲရာ မြို့နယ်တည်ငြိမ်ရေး ပူးပေါင်းအဖွဲ့များနှင့် လုံထိန်းတပ်များက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၀ ရက် ၅ နာရီ ၂၆ မိနစ်
ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေချောင်ကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့် လူသတ် လုယက်မှုနှင့် ပတ်သက်သည့် အဓိက တရာခံတစ်ဦးဖြစ်သူ ထက်ထက် (ခ) ရော်ချီးမှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ အကျဉ်းထောင်၌ မိမိဝတ်ထားသော လုံချည်အနားကို ဆုတ်ဖြဲကာ ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားကြောင်း သတင်းရရှိပါသည်။ ဇွန်လ ၁၀ ရက်(ယနေ့) နံနက် ၆ နာရီတွင် အဆိုပါတရားခံ ထက်ထက်၏ အလောင်းကို ရင်ခွဲရုံတွင် ခွဲစိတ်ခဲ့ကြောင်းနှင့် နံနက် ၉ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများကို ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများဆက်လက်ဖော်ပြသွားပါမည်။

No comments:

Post a Comment