ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 10, 2012

စစ်တွေမြို့အား ပုဒ်မ - ၁၄၄ အမိန့်ထုတ်ပြန်ခြင်း



From : သမ္မတရုံး
စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်ခြင်း
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်ပြစ်မှု ဆိုင်ရာအထွေထွေ အမှုအမှတ် ၁/၂၀၁၂၁။
၁။ ယခုအခါ စစ်တွေမြို့ နယ်နယ်နိမိတ် အတွင်း လူအချို့ သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြု မူဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။

၂။ ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆ သဖြင့် စစ်တွေမြို့ နယ်တွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆောင်ဆန္ဒပြခြင်း၊ ဆူပူဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြု မူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်သည်။

၃။ ထို့အပြင် လူ(၅)ဦး (သို့မဟုတ်) (၅)ဦးထက်ပိုသောသူများသည် စစ်တွေမြို့ နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြု ရန်နှင့် (၁၈၀၀) နာရီချိန်မှ (၀၆၀၀) နာရီချိန်အတွင်း ညမထွက်ရန်အမိန့်ကို ထုတ်ဆင့် လိုက်သည်။

၎။ ဤအမိန့်သည် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမည်။

၅။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဤရုံးတံဆိပ်ရိုက်နှိပ် ၍ ကျွန်ုပ်လက်မှတ်ရေးထိုး၏ ထုတ် လိုက်သည် ။

ရုံးတံဆိပ်
မြို့နယ်အုပ်ချုပ်ရေးမှူး

အလားတူ သံတွဲမြို့နယ်၊ ကျောက်ဖြုမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များ၌လည်း ပုဒ်မ- ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment