ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 10, 2012

ပြည်ပမီဒီယာများအားဆန့်ကျင်ကြစို့ ဒို့မြန်မာ



From :နေလိုင်


အစွန်းရောက် ရိုဟင်ဂျာအချို့၏ စနစ်တကျ ထိုးဖောက်မှုကြောင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများ အမှန်အတိုင်း ရေးသားဖော်ပြရန် ခက်ခဲနေဟုဆို
ရန်ကုန်၊ ဇွန် ၉၊ ၂ဝ၁၂
အစွန်းရောက် ရိုဟင်ဂျာအဖွဲ့ အစည်းအချို့သည် ပြည်ပသတင်းမီ ဒီယာများတွင် စနစ်တကျ ထိုးဖောက် ဝါဒဖြန့်ချိမှုများပြုလုပ်ထားမှုကြောင့်
ပြည်ပအခြေစိုက် သတင်းမီဒီယာ အချို့အနေဖြင့် အမှန်အတိုင်း ဖော် ထုတ်ရေးသားရန်ခက်ခဲနေပြီး ရိုဟင် ဂျာလူမျိုးများဘက်သို့ အသားပေး
ဖော်ပြမှုများရှိခဲ့ကြောင်း ပြည်ပ သတင်းဌာနတွင် လုပ်ကိုင်နေသည့် ဝါရင့်သတင်းထောက်တစ်ဦးကပြော သည်။
နိုင်ငံတကာမီဒီယာများ၊ NGO အဖွဲ့အစည်း များအထိထိုးဖောက်ဝင်
ရောက်ထား မှုများကြောင့် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ အဖြစ်မှန်ဖော်
ထုတ်ရာ ၌ ခက်ခဲနေရပြီး၊ ပြည်ပသတင်းဌာန များတွင် လုပ်ကိုင်နေသူများ
အနေ ဖြင့်လည်း ရိုဟင်ဂျာကိစ္စအမှန်အတိုင်း တင်ပြပြောဆိုရန် အခက်အခဲ
များရှိ နေကြောင်း ၄င်းက ပြောသည်။
အစိုးရက မီဒီယာအပေါ်ကိုင် တွယ်မှု အားနည်းနေသေးတာကြောင့်
နိုင်ငံတကာ ကတကယ့်အဖြစ်အမှန်အ ပေါ် နားလည်မှုလွဲသွားနိုင်ပါတယ်။ အခြေအနေမှန်ကိုမသိရတော့ ဆောင် ရွက်လာမယ့် အရေးယူမှုတွေက လည်း တလွဲတချော်တွေ ဖြစ်လာ နိုင်တယ်။ တုန့်ပြန်မှုတွေကလည်း တလွဲဖြစ်လာနိုင်တယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
ရိုဟင်ဂျာအဖွဲ့အစည်းများ၏ အစွန်းရောက်ဝါဒဖြန့်ချိရေးသမားများ သည် ပြည်ပနိုင်ငံများတွင် အခြေ စိုက်ထားသည့် မီဒီယာများအပေါ် တွင် သြဇာလွှမ်းမှုရှိပြီး အရေးကြီး သည့်နေရာများတွင် ထိုးဖောက်စည်း ရုံးထားမှုများ ရှိနေကြောင်း ၄င်းက ဆိုသည်။
ပြည်ပမီဒီယာများ၌ ရိုဟင် ဂျာသတင်းရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ ''ကျွန်တော်တို့ ပြည် တွင်းမီဒီယာသမားတွေလည်း ရေး သားဖော်ပြနေတာပဲလေ။ သတင်း အမှန်ဖြစ်အောင်၊ မဖြစ်သင့်တာမဖြစ်
အောင် ပြည်သူတွေသိအောင်လို့ ဖော် ပြပေးရမှာပဲ။ ဒါက ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းပါ။ ရိုဟင် ဂျာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရေး သားဖော်ပြထားတဲ့ သတင်းစာမျက် နှာတွေကိုကြည့်ရင် သိနိုင်ပါတယ်''ဟု သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment