ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 10, 2012

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ၃

ဇွန်လ ၉ ရက် ညနေ ၆ နာရီ ၁၈ မိနစ်
စစ်တွေမြို့တွင်း ၀င်ရောက်ရန်ကြိုးစားနေသော ဘင်ဂါလီ ရိုဟင်ဂျာ ၄၀၀ ခန့် သည် ယနေ့ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နေထိုင်ရာသို့ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ဒေသခံ ၁၅၀ ခန့်က စောင့်ကြည့်ကာ လုံခြုံရေးတာဝန်ယူထားကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဇွန်လ ၉ ရက် ည ၇ နာရီ ၃၅ မိနစ်
စစ်တွေမြို့ မင်းဂံရပ် အကွက် ၁၅ ရှိ ရခိုင်တိုင်းရင်းသား နေအိမ်ကို ဘဂါင်္လီများက ည ၇နာရီ ကျော်ခန့် အချိန်တွင် မီးရှို့ခဲ့ပြီး နေအိမ် သုံးအိမ်လောင်ကျွမ်းခဲ့ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ဇွန်လ ၉ ရက် ည ၈ နာရီ ၂၅ မိနစ်
မောင်တောမြို့၏ ယနေ့ ညပိုင်း (ည ၈နာရီ) အခြေအနေမှာ ငြိမ်သက်နေကြောင်း၊ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားသည့် အတွက် အသွားအလာ မရှိဘဲ ငြိမ်သက်နေခြင်း ဖြစ်ကြောင်း မောင်တော ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ကယ်ဆယ်ရေး စခန်းများတွင် လာရောက် ခိုလှုံသူများ ညနေပိုင်းတွင် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။
ဇွန်လ ၉ ရက် ည ၁၂ နာရီ ၀၃ မိနစ်
ကျောက်နီမှော်ကျေးရွာမှ မသီတာထွေးကို မုဒိမ်းကျင့်ခဲ့သည့် တရားခံ ရော်ရှီး (ခေါ်) ထက်ထက်သည် ၉ နာရီ ၃၀ မိနစ်ခန့်က ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၀၀ မိနစ်
မောင်တောမြို့တောင်ဘက် တစ်မိုင် အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘဂါင်္လီ ရိုဟင်ဂျာများက ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ၀ိုင်းထားကြောင်း မောင်တောဒေသခံ တစ်ဦးက ပြောပါသည်။ ထို့အတွက်ကြောင့် မောင်တောမြို့မှ လုံထိန်းတပ်ဖွဲ့ဝင်များ မောင်နီရွာသို့ သွားရောက်လျက်ရှိနေသည်ဟု သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၀၉ မိနစ်
မောင်တောမြို့၌ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ သွားလာ နေသည်ကို ဘဂါင်္လီများက နေအိမ်အတွင်းမှ နေ၍ ခဲဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ အတိအကျ မသိရှိရသေးသော်လည်း ထောင်ဂဏန်းရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ဘူးသီးတောင်ရှိ အမှတ်(၁) အလယ်တန်း ကျောင်း ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၁၀၀၀ ကျော်ရောက်ရှိနေကြောင်းလည်း သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၂ မိနစ်
စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များမှာ တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။

မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂလီများက မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘဂါင်္လီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေး အင်အားနည်းသော ရပ်ကွက်များကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာပါက နောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၃၄ မိနစ်
မောင်တောမြို့သို့ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း ရောက်ရှိလာကြောင်း သိရပါသည်။ အဆိုပါ ရဟတ်ယာဉ်နှစ်စင်းမှာ လူနာတင်ဆောင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မောင်တော ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် မောင်တောမြို့တောင်ဘက် တစ်မိုင် အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘဂါင်္လီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင်ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများက လာရောက်ပြီး ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၀၄ မိနစ်
မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ပြန်ခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ လုံခြုံရေးအခြေအနေအရ ဇွန်လ ၈ ရက်နေ့ကတည်းက လုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး ရန်ကုန်သို့ ပြန်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၂၂ မိနစ်
စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက် ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး သွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၃၀ မိနစ်
မောင်တောမြို့ရှိ လေးမိုင်ကယ်ဆယ်ရေးစခန်းသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံရောက်ရှိလာပြီး လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရပါသည်။ မောင်တောမြို့ကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းလိုသူများ အနေဖြင့် ဆရာတော် ဦးမဏိသာရ (အလိုတော်ပြည့်ကျောင်းတိုက်) ဖုန်း-၀၉ ၄၉၂ ၇၀၉၃၉၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖုန်း- ၀၉ ၄၉၆ ၅၈၄၃၇၊ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဖုန်း- ၀၄၃ ၅၅၀၀၄ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါသည်။ ထို့အပြင် မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတွင် ကယ်ဆယ်ရေး ဦးစီးကော်မတီကို ဖွဲ့စည်းထားကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၃၈ မိနစ်
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ်းလျက်ရှိနေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၅၀ မိနစ်
မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်) နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။

ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၀၅ မိနစ်
မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားမှုများကို ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပါ။

No comments:

Post a Comment