ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 05, 2012

ဗမာနိုင်ငံလော- မြန်မာနိုင်ငံလော ?



From : မြန်မာနိုင်ငံသားတစ်ဦး


အမကြီးဒေါ်စုခင်ဗျား-----
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ဝ၁၂ခုနှစ် မေလ (၃ဝ)ရက်မှ ဇွန်(၁)ရက်နေ့အထိ World Economic Forum on East Asia အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲတစ်ခုပြုလုပ် တဲ့အခမ်းအနားမှာ အမကြီးတက်ရောက်ခဲ့ပြီးမိန့်ခွန်းပြောကြားခြင်း၊ သတင်းစာ ရှင်းလင်း ပွဲ များ ပြုလုပ်ခြင်း များပြုလုပ် ခဲ့ကြောင်းတွေ့ရှိရပါတယ်။
အမကြီးဒေါ်စုကြည်ကမြန်မာနိုင်ငံနှင့်ပတ်သက်သောအကြောင်းအရာမျိုးစုံကိုပြောကြားရာမြန်မာနိုင်ငံ (Myanmar)ဟုတစ်ခွန်းတစ်ပါဒမျှခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ(Burma)ဟုသာတွင်တွင်ပြောဆိုသွားကြောင်း တွေ့မြင်ရပါတယ်။
ဇွန်(၁)ရက်နေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်မေးမြန်းသူသတင်းထောက်မှမြန်မာ(Myanmar)ဟုထည့်သွင်းမေးမြန်းသည့် တိုင်ဒေါ်စုကြည်မှ(Burma)ဘားမားဖြင့်သာပြန်လည်သုံးစွဲ ပြောဆိုခဲ့ ကြောင်းလည်းအံ့သြဖွယ်ရာတွေ့ရှိရပါတယ်။
ဇွန်(၁)ရက်နေ့Channel News Asiaရုပ်သံလိုင်းမှသတင်းထုတ်ပြန်ချက် မှာလည်း သတင်းထောက်မှအင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး သို့အာဆီယံနှင့်မြန်မာ အကြောင်းမေးမြန်း ဖြေကြားရာမှာလည်းမြန်မာနိုင်ငံကို(Burma)ဘားမားဟုမပြောဘဲမြန်မာဟုသာသုံးစွဲကြောင်းတွေ့ရပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း ၂ဝ၁၂ခုနှစ်ဧပြီ(၃ဝ)ရက်နေ့ နေပြည် တော်ရှိပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌တက်ရောက်မိန့်ခွန်းပြော ကြားရာမှာလည်း မြန်မာကို (Myanmar) ဟုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်ကိုသတိရမိပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့(၂ဝဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိမိတို့နိုင်ငံတော် သည်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်စေရမည် ဟု ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ (Myanmar)ကို (Burma)ဘားမားဟုယနေ့တိုင်ခေါ်ဝေါ်သုံးစွဲသူများမှာအနောက်အုပ်စုနိုင်ငံများနှင့်ဥရောပနိုင်ငံသားအများစုသာဖြစ်ကြောင်းသတိပြုမိပါတယ်။အမကြီး ဒေါ်စုကြည် က မြန်မာနိုင်ငံအတွင်း နေထိုင်နေရုံသာမကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ ဖြစ်နေလို့ ယခုလိုအပြည်ပြည်ဆိုင်ရာနိုင်ငံများရှေ့မှောက်တွင်မြန်မာနိုင်ငံကို (Burma)ဘားမားဟုပြောဆို သုံးစွဲနေခြင်း အပေါ်လွန်စွာအံ့သြတုန်လှုပ်မိပါတယ်။
ကျွန်တော်တို့နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့်တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်ကြောင်းမြန်မာနိုင်ငံသားအားလုံးသိရှိ ကြပြီးဖြစ်ပါတယ်။လူမျိုးတစ်မျိုး ၏အမည်နှင့် ထင်ယောင်ထင် မှားဖြစ်နိုင်သောဘားမားကဲ့သို့အမည်နာမသုံးစွဲ ခြင်းသည်လုံးဝမဖြစ်သင့် သောအရာတစ်ခုဟုသုံးသပ်မိပါတယ်။
ယနေ့မြန်မာနိုင်ငံသည်ရွေးချယ်တင်မြှောက်ထားသောလွှတ်တော်ကိုယ်စားလှယ်များဖြင့်ပါဝင်ဖွဲ့စည်းထားသောလွှတ်တော်များ၊ပြည်ထောင်စုလွှတ်တော်မှရွေးချယ်အတည်ပြုပေးထားသောအစိုးရအဖွဲ့ဝင် များ ဖြင့်နိုင်ငံတော်ကြီးအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီကြိုး ပမ်းဆောင်ရွက် နေသောကာလ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် အတွင်းမှီတင်းနေထိုင်လျက်ရှိသောမည်သည့်နိုင်ငံသားမဆို အမိနိုင်ငံတော်ကြီးအား မြန်မာနိုင်ငံ (Myanmar) ဟုလေးနက်စွာခံစားသိမြင်ပြီး တန်ဘိုးထားချစ်မြတ်နိုးကြရ မည်သာ ဖြစ် ပါကြောင်းယုံကြည်ခံစားမိလို့ ဆင်ခြင်နိုင်ပါရန် စေတနာဖြင့်အသိပေးအပ်ပါတယ်။

No comments:

Post a Comment